တနေ့ထက် တနေ့ ပိုကောင်းတဲ့ ကိုယ်ဖြစ်လာစေဖို့

လူတယောက်ဟာ အောင်မြင်ချင်ရင် နေ့စဉ် ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ အစီအစဉ်တွေ ဆွဲကိုဆွဲပြီး လုပ်ရမယ်ဆိုတာတော့ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် ဒီအစီအစဉ်တွေအတိုင်း တခုမကျန် လိုက်လုပ်ဖို့ဆိုတာတော့ ခက်ခဲတဲ့အရာတခုပေါ့။ အဝေးကြီးမကြည့်နဲ့ ကိုယ့်ပတ်ဝန်းကျင်က အောင်မြင်နေတဲ့သူတယောက်ကိုပဲ ကြည့်ကြည့်။ သူ့အချိန်ဇယားအတိုင်း သူအလုပ်တွေကို တောက်လျှောက်လုပ်နေတာ။ အဲဒါကြောင့် တနေ့တာအတွက် ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အချိန်စာရင်းဆွဲမယ်၊ အဲဒီအတိုင်း လိုက်လုပ်မှလည်း ပိုကောင်းတဲ့ ကိုယ်ဖြစ်လာမှာပါ။ အဲဒီတော့ ပိုကောင်းတဲ့ ကိုယ်ဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲ…။ နေ့စဉ်အလုပ်တွေကို စာရင်းလုပ် ပထမဆုံးလုပ်ရမှာက ကိုယ်နေ့စဉ်လုပ်တာတွေကို ကိုယ်တိုင် မှတ်မနေဖို့ပါပဲ။ အစီအစဉ်မကျမှာ စိတ်မပူပါနဲ့။ ကိုယ်မှတ်မိသမျှကိုသာ စာရင်းချရေးပါ။ အကုန်လုံးမမှတ်မိနိုင်ရင်တောင် တပါတ်လောက် ကိုယ်ဘယ်သွားသွား မှတ်စုစာအုပ်လေး ဆောင်ထားပြီးချရေးပါ။ အားလုံးပြီးသွားတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် အခုပြောပြမယ့် မေးခွန်းလေးတွေနဲ့ ပြန်ပြီး သုံးသပ်လိုက်ပါ။ 1. အလုပ်မသွားခင် ဘာတွေလုပ်သင့်သလဲ။ 2. ေ...