နားရွက်ထဲက ၀က်ခြံတွေ


ဝက်ခြံဆိုတာ အသက်အရွယ် ကျားမမရွေးအတွက် အနှောင့်အယှက်ဖြစ်ရတဲ့ အရေပြားအလှအပ နဲ့ ကျန်းမာရေးပြဿနာတခုပါ။ ပြီးတော့ ၀က်ခြံက မျက်နှာတခုတည်းတင်မဟုတ်ပါဘူး။ ခန္ဒာကိုယ်ရဲ့ ဘယ်နေရာမဆိုဖြစ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ နားရွက်အတွင်း၊ နားရွက်နားတ၀ိုက်ဖြစ်တဲ့ ၀က်ခြံတွေပေါ့။
ဝက်ခြံဘာကြောင့် ဖြစ်သလဲဆိုရင် အရေပြားချွေးပေါက်လေးတွေအတွင်းမှာ အဆီ၊ အရေပြားဆဲလ်အသေတွေနဲ့ အညစ်အကြေးတွေ စုမိတဲ့အခါ ၀က်ခြံထွက်လာပါတော့တယ်။ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း၊ အရည်အသွေးမကောင်းတဲ့ အလှကုန်တွေသုံးစွဲခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အလွန်အကျွံစိတ်ဖိစီးခြင်းနဲ့ အရေပြားအဆီထုတ်လုပ်မှုများခြင်းကြောင့် ၀က်ခြံတွေ ထွက်လာနိုင်ပါတယ်။
နားထဲမှာ ထွက်တဲ့ဝက်ခြံတွေကတော့ ဖယ်ရှားရခက် နာကျင်ရသလို တခါတရံ ကိုယ့်နားက မသန့်ရှင်းဘူးလို့တောင် တွေးမိသွားတက်ကြပါတယ်။
အဲဒီတော့ နားထဲက ၀က်ခြံတွေကို ဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ…။




ကြပ်ထုတ်ထိုး

ကြပ်ထုပ်ထိုးခြင်းက ၀က်ခြံတွေကို ခြောက်သွေ့သွားပြီး ရောင်ရမ်းနာကျင်မှု သက်သာသွားစေပါလိမ့်မယ်။ ရေခပ်နွေးနွေါ်လေးထဲ အ၀တ်သန့်သန့်လေးကို စိမ်ပြီး ပိုလျှံနေတဲ့ ရေတွေကို ညှစ်ပစ်ကာ ၄င်းအ၀တ်ကို နားရွက်ပေါ် ၅ မိနစ်လောက် အုပ်ထားပေးလိုက်ပါ။ပြီးမှ ဆပ်ပြာအပျော့စားလေးသုံးပြီး သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။ တနေ့နှစ်ကြိမ် ရက်အနည်းငယ်ကြာ လုပ်ပေးနိုင်ပါတယ်။

ရေခဲအုပ်

တကယ်လို့ နားပတ်ဝန်းကျင်က ၀က်ခြံတွေ မခံမရပ်နိုင်အောင် နာကျင်နေတယ်ဆိုရင်တော့ ရေခဲအုပ်ပေးခြင်းက အကောင်းဆုံးနည်းလမ်းပါ။ ရေခဲကြောင့် ရောင်ရမ်းနာကျင်မှုနဲ့ နီရဲခြင်းကို ယာယီသက်သာသွားစေပါလိမ့်မယ်။ ရေခဲတုံးလေးတွေကို အ၀တ်သန့်သန့်လေးနဲ့ထုပ်ပြီးဝက်ခြံထွက်တဲ့ နားရွက်ဝတ်းကျင်မှာ ၁၀ မိနစ်လောက် အုပ်ထားပေးလိုက်ပါ။ ရေခဲတုံးနဲ့ အရေပြား တိုက်ရီုက်တော့ မထိပါစေနဲ့။ နှင်းကိုက်နာဖြစ်သွားပါလိမ့်မယ်။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်တဆ၊ ရေ ၃ ဆရောစပ်ပြီး ၄င်းအရည်ကို ဂွမ်းစလေးနဲ့ ၀က်ခြံထွက်တဲ့ နားရွက်တ၀ိုက်ကို သုတ်လိမ်းပေးမယ်ဆိုရင် ချွေးပေါက်တွေကို သန့်ရှင်းပြီးသားဖြစ်စေသလို ဘက်တီး၇ီးယားတွေကိုလည်း သေစေပါလိမ့်မယ်။ ပိုသိသာတဲ့ ရလာဒ်ရနိုင်ဖို့အတွက် တနေ့ ၃ ကြိမ်ခန့် လိမ်းပေးနိုင်ပါတယ်။

နနွင်း

နနွင်းကတော့ ဘယ်ဝက်ခြံမဆိုအတွက် အကောင်းဆုံး အိမ်တွင်းဖြစ်ဆေးတလက်ပါ။ နနွင်းနဲ့ပျားရည် ဆတူရောစပ်ပြီး ညအိပ်ရာမ၀င်ခင် ၀က်ခြံထွက်တဲ့ အရေပြားတ၀ိုက်ပွတ်လိမ်းထားပေးလိုက်ပါ။ နံနက်မိုးလင်းမှ ရေအေးအေးလေးနဲ့ဆေးချလိုက်ပါ။ တနေ့တကြိမ် နေ့စဉ် ပြုလုပ်ပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်

ရှားစောင်းလက်ပတ်ဂျယ်ကို ၀က်ခြံထွက်တဲ့ နားရွက်နဲ့အရေပြားတ၀ိုက် မိနစ် ၂၀ လောက် လိမ်းထားပေးလိုက်ပါ။ ပြီးမှ ၈ွမ်းစလေးရေဆွတ်ပြီး သန့်ရှင်းရေးလုပ်ပေးပါ။ တနေ့ ၂ကြိမ် လုပ်ပေးရုံနဲ့ ရက်အနည်းငယ်အတွင်း သိသာထင်ရှားတဲ့ ရလာဒ်ကို ခံစားရမှာပါ။

ပျားရည်

ပျားရည်ကို ဂွမ်းစလးနဲ့ယူပြီး ၀က်ခြံထွက်တဲ့အရေပြားပေါ်မှာ မိနစ် ၂၀လောက် လိမ်းထားပေးပါ။ ပြီးမှ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။ တနေ့ကို တကြိမ်များစွာပြုလုပ်နိုင်ပါတယ်။

ဆက်ပြီး သတိပြုရမယ့် အချက်တွေအနေနဲ့
ရေချိုးတိုင်း နားရွက်ကို စင်ကျယ်အောင် သန့်ရှင်းရေးလုပ်ပေးဖို့ မမေ့ပါနဲ့။

မသန့်ရှင်းတဲ့လက်နဲ့ နားရွက်ကို မကြာခဏ ထိတွေ့ခြင်းရှောင်ပါ။

ဝက်ခြံကို မညှစ်ပါနဲ့။ ပိုဆိုးသွားပါလိမ့်မယ်။

လက်သည်းနဲ့လည်း မကုတ်ဖဲ့ပါနဲ့။

ရေချိုးပြီးတိုင်း နားရွက်ကိုလည်း ရေသုတ်ပေးဖို့ မမေ့ပါနဲ့။

နားရွက်နဲ့ အမြဲထိတွေ့နေရတဲ့ ဖုန်းကို သန့်ရှင်းအောင်ထားပါ။

#sawetawsein #စွယ်တော်စိမ်း #health

Comments

Popular posts from this blog

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...