မကြာခဏ ရေချိုးတက်သူတွေဖတ်ဖို့



ရေမကြာခဏ ချိုးရတာကို သဘောကျနေပြီလား။ ဒါပြဿနာမဟုတ်ပါဘူး။ ပြဿနာက ရေချိုးပြီးနောက် ဖြစ်လာမယ့် နောက်ဆက်တွဲတွေပါ။
ပထမတော့ ငြင်းချင်ငြင်းမှာပေါ့လေ။ ဘာကြောင့်လဲဆိုတော့ အသန့်ကြိုက်လွန်းတဲ့သူကိုး။
အဲဒီတော့ ရေမကြာခဏချိုးတက်တဲ့သူတွေ ဘာဖြစ်တက်လဲ လေ့လာကြည့်ကြရအောင်…။

အသားတွေယားယံမယ်

ယားတယ်ဆိုတာ ကြားရုံနဲ့ စိတ်ရှုပ်စရာပါ။ ယားတယ်ဆိုတာ နာကျင်သလိုပဲ ခံရခက်လှပါတယ်။ ဘာကြောင့်လဲဆိုတော့ ရေမကြာခဏချိုးတဲ့အတွက် ခန္ဒာကိုယ်မှာရှိနေရမယ့် အသားကို သဘာဝအတိုင်းချောမွေ့နေစေတဲ့ သဘာဝအဆီ၊ ပရိုတိန်းတွေကို စုပ်ယူဖယ်ရှားသွားပြီး အသားအရေကို ခြောက်သွေ့ ယားယံလာစေပါတယ်။

ဆံသားတွေ စေးထိုင်းလာမယ်

ဆံပင်တွေအဆီပြန်နေလို့ ရေချိုး၊ ခေါင်းလျှော်တယ်ဆိုတာ အဓိပါယ်ရှိပါတယ်။ ဒါပေမယ့် မကြာခဏ အဆီပြန်လို့ ခေါင်းခဏခဏလျှော် ရေခဏခဏချိုးနေပီဆိုရင်တော့ ဦးရေပြားက အဆီ gland လေးတွေကို လှုံ့ဆော်ပေးနေသလိုဖြစ်ပြီး အဆီပိုထွက်ဖို့သာရှိပါတော့တယ်။

အားကစားလုပ်ပြီးတိုင်းရေချိုးတာ

၅ မိနစ်လောက် သွေးပူလေ့ကျင့်ခန်းလုပ်။ ပြီးတာနဲ့ရေချိုး။ ဒါကိုယ့်ရေချိုးတာကို စွဲလန်းနေပြီဆိုတာကိုပြနေတာပါ။ ၅ မိနစ်လောက် သွေးပူလေ့ကျင့်ခန်းလုပ် ချွေးလေးနည်းနည်း စို့သွားရုံနဲ့ ရေချိုးစရာမလိုပါဘူး။ ရေပတ်တိုက်တာ ဒါမှမဟုတ် ရေစိုဝ်လေးနဲ့ သုတ်တာနဲ့တင် အဆင်ပြေပါတယ်။

ခေါင်းလျှော်တိုင်း ဗောက်ပျောက်တာမဟုတ်

ဗောက်တွေထလွန်းလို့ ရေချိုးတိုင်းခေါင်းလျှော်တာတော့ သဘာဝကျပါတယ်။ ဒါပေမယ့် ကိုယ့်ဦးရေပြားက သဘာဝအတိုင်းထွက်နေတဲ့ အဆီလေးတွေကို အလုပ်လုပ်ခွင့်ပေးပါဦးလား။ ခေါင်းလျှော်လွန်းတဲ့အတွက် ဦးရေပြားမှာ အဆီဓာတ်တွေကင်းပြီး ခြောက်လာတဲ့အတွက် ဗောက်ပိုထလာပါတယ်။  အဲဒါကြောင့် နေ့တိုင်းခေါင်းမလျှော်ဘဲ ခဏလောက် အနားပေးကြည့်ပါ။ ဦးရေပြားနဲ့ ဆံသား သိသိသာသာပြောင်းလဲလာပါလိမ့်မယ်။

အသားအရေခြောက်သွေ့မယ်

ဘယ်သူမှ အသားခြောက်တာ မကြိုက်ကြပါဘူး။ အသားခြောက်လာရင် ယားမယ်၊ ယားတော့ ကုတ်မိရင်း ဒဏ်ရာတွေဖြစ်လာမယ်။ အသားအရေခြောက်သွေ့တာ စိတ်ဖိစီးမှုကြောင့် ဖြစ်နိုင်သလို ရေမကြာခဏချိုးလွန်းတာကြောင့်လဲဖြစ်နိုင်ပါတယ်။

အသားအရေနီမြန်းလာမယ်

နီမြန်းလာရုံတင်မကပါဘူး။ ရောင်ရမ်းပြီး နာကျင်လာတဲ့အထိဖြစ်နိုင်တာပါ။ အရေပြားကို horny layer လို့ခေါ်တဲ့ အလွှာအထပ်လေးတွေနဲ့ ရောင်ရမ်း နာကျင်ခြင်းတွေမဖြစ်အောင် ကာကွယ်ပေးထားတာပါ။ ဒါပေမယ့် ရေမကြာခဏ ချိုးလွန်းတဲ့အခါမှာတော့ ဒီအကာအကွယ်ပေးထားတဲ့ အလွှာလေးကို ပွတ်တိုက်ဖယ်ရှားလိုက်သလိုဖြစ်ပြီ အသားအရေက နီရဲ ရောင်ရမ်းလာပါတော့တယ်။

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...