အမွေးကျွတ်တက်တဲ့ခွေးလေးတွေအတွက်



လူတွေ ဆံပင်ကျွတ်သလိုပဲ ခွေးလေးတွေဟာလည်း အမွေးကျွတ်တက်ကြပါတယ်။ ဒါပေမယ့် သာမန်ထက် ပိုကျွတ်ပြီး အမွေးတွေကျဲလာ ပြောင်လာရင်တော့ ဒါ သန်း၊ အရေပြားရောဂါတို့လို ပြဿနာတွေကြောင့် ဖြစ်နိုင်ပါတယ်။ ဖုန်မှုန့်၊ ပန်းဝတ်မှုန်၊ မှိုတို့လို ပြင်ပ သဘာဝပတ်ဝန်းကျင်ကြောင့် ဓာတ်မတည့်တာတွေဟာလည်း ခွေးလေးတွေကို အမွေးအလွန်အကျွံ ကျွတ်စေပါတယ်။ တခါတလေတော့လည်း ဒါမျိုးရိုးနဲ့ ဆိုင်နေပြန်ပါတယ်။ အမွေးကျွတ်တာကို သိသိသာသာပြနေတဲ့ လက္ခဏာတွေကတော့ မကြာခဏယားယံတာ၊ အရေပြားကို မကြာခဏ ကုတ်တာ၊ ကိုက်တာတွေပါပဲ။
အဲဒီတော့ သူတို့လေးတွေ အမွေးကျွတ်တဲ့ ပြဿနာကို ဘယ်လိုကုသကြမလဲ…။

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်က အရေပြားယားယံခြင်းကို သက်သာစေပြီး သူ့မှာပါတဲ့ သဘာဝအက်ဆစ်ဓာတ်က မှိုနဲ့ ဘက်တီးရီးယားတွေကို သေစေပါတယ်။ ပန်းသီးရှာလကာရည်နဲ့ ရေဆတူကို Spray ဘူးလေးထဲရောစပ်ပြီး သူုတို့လေးတွေ ခန္ဒာကိုယ်ကို တနေ့ ၂ကြိမ်ဖြန်းပေးနိုင်ပါတယ်။ ( ရေမရောစပ်ပဲနဲ့ မဖြန်းပါနဲ့။ သူုတိ့လေးတွေအရေပြား ထိခိုက်စေပါလိမ့်မယ်။)

သံလွင်ဆီ

အမွေးအလွန်အကျွံကျွတ်တဲ့ခွေးလေးတွေအတွက် သံလွင်ဆီက အကောင်းဆုံးပါ။ သူက အဓိက အမွေးကျွတ်စေတဲ့ ခန္ဒာကိုယ်ပေါ်က သန်းတွေကို ဖယ်ရှားပေးပြီး အစိုဓာတ်ကို ဖြည့်ပေးတဲ့အပြင် အရေပြားယားယံခြင်းကို သက်သာစေပါတယ်။ သံလွင်ဆီ စစ်စစ်ကို သူတို့လေးတွေရဲ့ အရေပြားနဲ့ အမွေးကို တနေ့ ၂-၃ ကြိမ် ခပ်ပါးပါးလေးလိမ်းပေးရုံပါပဲ။

သံပုရာရည်

သံပုရာရည်မှာပါတဲ့ အက်ဆစ်ဓာတ်ကြောင့် ခွေးလေးတွေ ခန္ဒာကိုယ်ပေါ်က ၀ဲယားနာနဲ့ သန်းတွေကို သေစေပြီး အမွေးကျွတ်တာ သက်သာပျောက်ကင်းစေပါလိမ့်မယ်။ သံပုရာသီးလုံးကို အခွံပါ ပါးပါးလှီးပြီး ပြုတ်လိုက်ပါ။ ၄င်းပြုတ်ရည်ကို တညသိပ်ထားပြီးနောက်တနေ့နံနက်မှာ ရေမြှုပ်လေးနဲ့ ခွေးလေးတွရဲ့ ခန္ဒာကိုယ်ကို ပွတ်လိမ်းပေးပါ။ တနေ့တကြိမ် သက်သာတဲ့အထိ လုပ်ပေးနိုင်ပါတယ်။ သံပုရာရည်ကို သူတို့လေးတွေအရေပြားပေါ် တိုက်ရိုက်ကြီး မလိမ်းမိပါစေနဲ့။ အသားအရေလောင်ပြီး ဒဏ်ရာဖြစ်သွားပါလိမ့်မယ်။

အုန်းဆီ

အုန်းဆီကတော့ ခွေးလေးတွေ ကူးစက်ရောဂါကြောင့် အရေပြားယားနာဖြစ်ပြီး အမွေးကျွတ်ခြင်းကို သက်သာစေပါတယ်။ အုန်းဆီမှာပါတဲ့ မြင့်မားတဲ့အဆီဓာတ်က အရေပြားနဲပ အမွေးအမျှင်တွေကို ကျန်းမာလှပ သန်စွမ်းစေပါလိမ့်မယ်။ အုန်းဆီ ခပ်ပါးပါးလေးကို ခွေးလေးတွေ အမွေးကျွတ်တဲ့ အရေပြားတ၀ိုက် ပွတ်လိမ်းပေးရုံပါပဲ။ တနေ့ ၂ကြိမ် လိမ်းပေးနိုင်ပါတယ်။

ရှားစောင်းလက်ပတ်ဂျယ်

ရှားစောင်းလက်ပတ်ရဲ့ အေးမြတဲ့ အာနိသင်ကြောင့် အမွေးကျွတ်ပြီး မသက်မသာဖြစ်နေတဲ့အရေပြားကိုပါ အေးမြလန်းဆန်းသွားစေပါတယ်။ ပိုးမွှားသေစေနိုင်တဲ့ အာနိသင်ကြောင့် ၀ဲယားနာတွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ ခွေးလေးတွေကို ရေချိုးပေးပြီး အမွေးတွေခြောက်သွေ့သွားတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်လေးလိမ်းပေးလိုက်ပါ။ ရေပြန်ဆေးချစရာမလိုပါဘူး။ တနေ့တကြိမ်လိမ်းပေးနိုင်ပါတယ်။

ပုံမှန်ရေချိုးပေး

ခွေးလေးတွေ ကျန်းမာပြီး လှပတဲ့အရေပြားလေးပိုင်ဆိုင်ဖို့နဲ့ အမွေးမကျွတ်ဖို့ ပုံမှန်ရေချိုးသန့်စင်ပေးဖို့လည်းလိုပါတယ်။ ပုံမှန်ရေချိုးပေးခြင်းကြောင့် ၀ဲယားနာ နဲ့ သန်းတွေကင်းစင်စေပြီး အရေပြား ယားနာဖြစ်တာ သက်သာစေပါလိမ့်မယ်။

ပုံမှန် ဘီးဖီးပေး

အမွေးလေးတွေကို ပုံမှန်ဖီးပေးပါ။ ဒါမှ အမွေးလေးတွေရှုပ်ထွေးပြီး ဖုန်မှုန့်သတြွေ ကပ်ညိမနေတော့ပဲ ဘက်တီးရီးယားတွေ ခိုအောင်းခြင်း ကင်းစေပါလိမ့်မယ်။

အစားအစာ

အစာအာဟာရကလည်း သူတို့လေးတွေ အမွေးအတောင်လှပဖို့ အခန်းကဏ္ဍတခုကနေပါဝင်နေပါတယ်။ Fatty Acid, Calcium, Phosphorous, Magnesium, Potassium, Iron, Zinc, Copper, Folic Acid, Biotin နဲ့ Vitamin A,B6, C,D ,E ပါဝင်တဲ့ အစားအစာတွေ အဓိက ထားကျွေးပေးပါ။
နောက်ထပ် သတိပြုရမယ့် အချက်လေးတွေအနေနဲ့ကတော့
ရာသီကြောင့် အမွေးကျွတ်တက်တဲ့ ခွေးလေးတွေအတွက် ဗာဒံစေ့အဆီလိမ်းပေးပါ။
မှိုကူးစက်ရောဂါကြောင့်ဆိုရင်တော့ ဒိန်ချဉ်က အကောင်းဆုံးပါ။
သူတို့လေးတွေရဲ့ အိပ်ရာကို တပါတ်တကြိမ် သန့်ရှင်းရေးလုပ်ပေးပါ။
#sawetawsein #စွယ်တော်စိမ်း #health

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...