တနေ့ထက် တနေ့ ပိုကောင်းတဲ့ ကိုယ်ဖြစ်လာစေဖို့
လူတယောက်ဟာ အောင်မြင်ချင်ရင် နေ့စဉ် ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့
အစီအစဉ်တွေ ဆွဲကိုဆွဲပြီး လုပ်ရမယ်ဆိုတာတော့ လူတိုင်းသိပြီးသားပါ။ ဒါပေမယ့် ဒီအစီအစဉ်တွေအတိုင်း
တခုမကျန် လိုက်လုပ်ဖို့ဆိုတာတော့ ခက်ခဲတဲ့အရာတခုပေါ့။ အဝေးကြီးမကြည့်နဲ့ ကိုယ့်ပတ်ဝန်းကျင်က
အောင်မြင်နေတဲ့သူတယောက်ကိုပဲ ကြည့်ကြည့်။ သူ့အချိန်ဇယားအတိုင်း သူအလုပ်တွေကို တောက်လျှောက်လုပ်နေတာ။
အဲဒါကြောင့် တနေ့တာအတွက် ဘာပြီးရင် ဘာလုပ်မယ်ဆိုတဲ့ အချိန်စာရင်းဆွဲမယ်၊
အဲဒီအတိုင်း လိုက်လုပ်မှလည်း ပိုကောင်းတဲ့ ကိုယ်ဖြစ်လာမှာပါ။
အဲဒီတော့ ပိုကောင်းတဲ့ ကိုယ်ဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲ…။
နေ့စဉ်အလုပ်တွေကို စာရင်းလုပ်
ပထမဆုံးလုပ်ရမှာက ကိုယ်နေ့စဉ်လုပ်တာတွေကို ကိုယ်တိုင် မှတ်မနေဖို့ပါပဲ။
အစီအစဉ်မကျမှာ စိတ်မပူပါနဲ့။ ကိုယ်မှတ်မိသမျှကိုသာ စာရင်းချရေးပါ။ အကုန်လုံးမမှတ်မိနိုင်ရင်တောင်
တပါတ်လောက် ကိုယ်ဘယ်သွားသွား မှတ်စုစာအုပ်လေး ဆောင်ထားပြီးချရေးပါ။
အားလုံးပြီးသွားတဲ့အခါမှာတော့ ကိုယ့်ကိုယ်ကိုယ် အခုပြောပြမယ့်
မေးခွန်းလေးတွေနဲ့ ပြန်ပြီး သုံးသပ်လိုက်ပါ။
1. အလုပ်မသွားခင်
ဘာတွေလုပ်သင့်သလဲ။
2. နေ့စဉ်လုပ်ရမယ့်
လက်တို လက်တောင်းအလုပ်တွေက ဘာတွေလဲ။
3. လေ့ကျင့်ခန်း
ဘယ်အချိန်လုပ်မလဲ။
4. အစားအသောက်ကို
ဘယ်အချိန်စားမလဲ။
5. အိမ်သန့်ရှင်းရေးဘယ်အချိန်လုပ်မလဲ။
ဒီမေးခွန်းတွေတိုင်းအတွက် အဖြေကို ပထမဆုံးစဉ်စားထားတဲ့
ကိုယ်လုပ်သမျှ အလုပ်တွေအားလုံးနဲ့ ဖြည့်ကြည့်လိုက်ပါ။
ဘယ်အချိန်က အလုပ်လုပ်ဖို့အသင့်တော်ဆုံးလဲ
ကိုယ်ဟာ မနက်ခင်း ဒါမှမဟုတ် ညနေခင်းတွေမှာမှ အလုပ်ကို တက်တက်ကြွကြွ
လုပ်တက်သူလား ကိုယ့်ကိုယ်ကိုယ် ပြန်ဆန်းစစ်ကြည့်ပါ။ လူအများစုကတော့ မနက်ခင်းတွေမှာ
အလုပ်ကို စွမ်းအင်အပြည့်နဲ့ လုပ်နိုင်ကြပါတယ်။ ကိုယ် အတက်ကြွဆုံးအချိန်မှာ များများလုပ်ရမယ့်
အလုပ်တွေကို တန်းစီပြီး လုပ်ပါ။
ကိုယ့်နံနက်ခင်းက ဘယ်လိုမျိုးလဲ
ကိုယ်နံနက်ခင်း နိုးထာလာတဲ့ ပုံစံက ကိုယ့်ရဲ့ တနေ့တာကို
အဆုံးအဖြတ်ပေးပါတယ်။ ပထမဆုံးလုပ်ရမှာက ပထမဆုံး နာ၇ီနှိုးစက်မြည်တာနဲ့ အိပ်ရာထဖို့ပါပဲ။နံနက်ခင်းတွေမှာ
Alarm ကို အကြိမ်ပေါင်းများစွာ ထည့်ထားရတယ်ဆိုတာက အချိန်ဆွဲချင်တယ်ဆိုတာကို ပြနေတဲ့
လက္ခဏာပါ။
အဲဒါကြောင့် တက်တက်ကြွကြွ အိပ်ရာထဲက ထလာသူက ရင်ခုန်စိတ်လှုပ်ရှားစရာတွေ၊
အခွင့်အလမ်းတွေကို အရင်ဦးဆုံးကြုံရမယ်။
ပြီးတော့ တချို့အလုပ်တွေဆိုတာက နံနက်ခင်းမှာ လုပ်ကို လုပ်ရမယ့်
အလုပ်တွေပါ။ ဥပမာ အလုပ်သွားဖို့ပြင်ဆင်ရတာ၊ ကလေးကျောင်းအတွက် ပြင်ဆင်ရတာတွေပေါ့။
တနေ့တာမှာ တက်ကြွနေစေဖို့
မနက်ခင်းမှာတော့ တက်တက်ကြွကြွနဲ့ အလုပ်တွေလုပ်ပါရဲ့။ နေ့လည်ခင်းကျတော့
စွမ်းအင်တွေ တဖြည်းဖြည်းလျော့နည်းလာမယ်။ မလန်းဆန်းတော့ဘူး။ အဲဒီလိုအချိန်မျိုးမှာ
Email ပြန်တာ၊ အစည်းအဝေးအစီအစဉ်တွေဆွဲတာ၊ တောက်တိုမယ်ရလေးတွေလုပ်တာ၊ ဖုန်းဖြေတာမျိုးလေးတွေ
လုပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကို မကြာခဏ အနားပေးဖို့လည်း မမေ့ပါနဲ့။လုပ်ငန်းခွင်ထဲ မကြာခဏ
အနားပေးခြင်းက အာရုံစူးစိုက်မှု ပိုကောင်းစေပြီး စိတ်ကျန်းမာစေဖို့ အထောက်အကူပြုပါတယ်။
ညနေခင်းတွေမှာ ဘာလုပ်မလဲ
ညနေခင်းတွေကတော့ တနေ့တာရဲ့ တာဝန်၊ ၀တ္တရားတွေ၊ စိတ်ဖိစီးမှုတွေကို
ခေတ္တဘေးဖယ်ပြီး ကိုယ့်မိသားစု နဲ့ ကိုယ့်အတွက် အာရုံပြောင်းလိုက်ဖို့အချိန်ကျလာပါပြီ။
ပြီးတော့ ညနေခင်းတွေဆိုတာနောက်တနေ့ ဘာလုပ်မယ်ဆိုတဲ့ အစီအစဉ်တွေဆွဲဖို့ အကောင်းဆုံးအချိန်၊
အိမ်အလုပ်တွေလုပ်ဖို့ အကောင်းဆုံးအချိန် မဟုတ်လား။
လိုက်လျောညီထွေဖြစ်ပါစေ
ဘယ်လောက်ပဲ တနေ့တာ ဘာလုပ်မယ်ဆိုပြီး အစီအစဉ်တွေလုပ်ထားပေမယ့်
အံဝင်ခွင်ကျမဖြစ်တဲ့ အခါမျိုးတွေရှိနေဦးမှာပါ။ အဲဒီအတွက်လည်း ဘာမှ စိတ်မညစ်လိုက်ပါနဲ့။
ကိုယ်စီစဉ်ထားတဲ့အတိုင်း တနေ့တာ ဘာတွေလုပ်ဖြစ်ခဲ့တယ် မလုပ်ဖြစ်ခဲ့ဘူးဆိုတာသာ ကိုယ့်အတွက်
အဓိက ကျပါတယ်။
လက်တွေ့ကျပါ
အချိန်ဇယားဆွဲ၊ အဲဒီအစီအစဉ်အတိုင်းလိုက်လုပ်နေရတာ တကယ်တော့
ပျော်စရာကော်းပါတယ်။ ဒါပေမယ့် ကိုယ့်အတွက် အားလပ်ချိန်ဆိုတာလေးတော့ ပေးဦးမှပေါ့။ ကိုယ့်ရဲ့
ထုတ်လုပ်နိုင်စွမ်းအလေ့အကျင့်တွေဟာ တခဏအတွင်းဖြစ်လာတာမဟုတ်ပါဘူး။ သတို့အတွက် အချိန်ယူရတယ်ဆိုတာလည်း
မှတ်ထားပါ။ တကယ်လို့ ကိုယ့်ကိုယ်ကို အလွန်ညှင်းဆဲလွန်းနေရင်လည်း ဒီလိုအချိန်စာရင်းအတိုင်း
လိုက်လုပ်ဆောင်ရတဲ့ အောင်မြင်မှုကို ခံစားနိုင်မှာ မဟုတ်ပါဘူး။
#sawetawsein #စွယ်တော်စိမ်း #motivation
Comments
Post a Comment