နားရွက်ထဲက ၀က်ခြံတွေ
ဝက်ခြံဆိုတာ အသက်အရွယ် ကျားမမရွေးအတွက် အနှောင့်အယှက်ဖြစ်ရတဲ့ အရေပြားအလှအပ နဲ့ ကျန်းမာရေးပြဿနာတခုပါ။ ပြီးတော့ ၀က်ခြံက မျက်နှာတခုတည်းတင်မဟုတ်ပါဘူး။ ခန္ဒာကိုယ်ရဲ့ ဘယ်နေရာမဆိုဖြစ်နိုင်ပါတယ်။ အဆိုးဆုံးကတော့ နားရွက်အတွင်း၊ နားရွက်နားတ၀ိုက်ဖြစ်တဲ့ ၀က်ခြံတွေပေါ့။ ၀က်ခြံဘာကြောင့် ဖြစ်သလဲဆိုရင် အရေပြားချွေးပေါက်လေးတွေအတွင်းမှာ အဆီ၊ အရေပြားဆဲလ်အသေတွေနဲ့ အညစ်အကြေးတွေ စုမိတဲ့အခါ ၀က်ခြံထွက်လာပါတော့တယ်။ တကိုယ်ရေသန့်ရှင်းမှုအားနည်းခြင်း၊ အရည်အသွေးမကောင်းတဲ့ အလှကုန်တွေသုံးစွဲခြင်း၊ အာဟာရချို့တဲ့ခြင်း၊ အလွန်အကျွံစိတ်ဖိစီးခြင်းနဲ့ အရေပြားအဆီထုတ်လုပ်မှုများခြင်းကြောင့် ၀က်ခြံတွေ ထွက်လာနိုင်ပါတယ်။ နားထဲမှာ ထွက်တဲ့ဝက်ခြံတွေကတော့ ဖယ်ရှားရခက် နာကျင်ရသလို တခါတရံ ကိုယ့်နားက မသန့်ရှင်းဘူးလို့တောင် တွေးမိသွားတက်ကြပါတယ်။ အဲဒီတော့ နားထဲက ၀က်ခြံတွေကို ဘယ်လို သန့်ရှင်းရေးလုပ်ကြမလဲ…။ ကြပ်ထုတ်ထိုး ကြပ်ထုပ်ထိုးခြင်းက ၀က်ခြံတွေကို ခြောက်သွေ့သွားပြီး ရောင်ရမ်းနာကျင်မှု သက်သာသွားစေပါလိမ့်မယ်။ ရေခပ်နွေးနွေါ်လေးထဲ အ၀တ်သန့်သန့်လေးကို စိမ်ပြီး ပိုလျှံနေတဲ့ ရေတွေကို ညှစ်ပစ်ကာ ၄င်းအ၀တ်ကို နားရွက်ပေါ် ၅ မိန...
Comments
Post a Comment