ဖက်ရှင်အသုံးအဆောင်ဖြစ်လာတဲ့ အ၀တ်ညှ့ပ်
ဖက်ရှင် လောကကြီးက တကယ့်ကို
အံ့သြစရာအပြည့်ပါ။ ကိုယ်မမျှော်လင့်ထားတဲ့အရာတွေ ဖက်ရှင် trend
တခုအနေနဲ့ဖြစ်လာတာလည်း တကယ့်ကို Surprise ပါပဲ။
အခုလည်း ဒီဇိုင်နာတွေ
ဖန်တီးတီထွင်လို့မပြီးသေးဘူး။ အိမ်ကအမေ့ရဲ့ ပစ္စည်းတခုဟာ ဈေးကြီးတဲ့ ဖက်ရှင်အသုံးအဆောင်တောင်ဖြစ်လာပြီ။
ထူးထူးဆန်းဆန်းဒေါက်ဖိနပ်ကို
ဘီးတပ်စီးတာတွေကနေ ပလက်စတစ်ဘရာစီရာတွေအထိ ထွက်ပေါ်လာပြီးပြီ။ အခုတကြိမ်လည်း
ကိုယ့်အနေနဲ့ ၂ကြိမ် ၃ကြိမ်လောက် ပြန်လှည့်ကြည့်ရမယ့် ထူးခြားတဲ့ ဒီဇိုင်းနဲ့
နားဆွဲပဲ။
အဲဒါကတော့ အ၀တ်ညှပ်ပါ။ လက်ဝတ်ရတာနာ
ဒီဇိုင်း Ambush ကနေပြီး အ၀တ်ညှပ်နဲ့ဆင်တူတဲ့ Ambush Nobo clip earring ကို ဖန်တီးထုတ်လုပ်လိုက်ပါတယ်။
ဈေးကလည်း အတော်ကြီးကြီးပဲ။
အိမ်က အ၀တ်ညှ့ပ်နဲ့ဆိုရင်တော့
ငွေအကုန်ကျသက်သာတာပေါ့။ ဒါပေမယ့် အခု နားဆွဲလေးကတော့ ဈေးက အမေရိကန်ဒေါ်လာ ၂၉၁ ကနေ
၄၀၈ ကျပ်အတွင်း ကျပါတယ်။
#sawetawsein #စွယ်တော်စိမ်း
Comments
Post a Comment