ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...
စိတ်ဖိစီးမှုဆိုတာ ဘ၀ရဲ့
တစိတ်တပိုင်းပါ။ လူတွေအတွက်ဆိုရင်တော့ တမျိုးပေါ့။ ဖွင့်ပြောလို့ရနိုင်တယ်လေ။ ဒါပေမယ့် ကိုယ့်အချစ်တော် ခွေးလေးတွေ
စိတ်ဖိစီးရင်ကော ဘယ်လိုလုပ်မလဲ…။
ခွေးလေးတွေ စိတ်ဖိစီးရခြင်းအကြောင်းက
ပတ်ဝန်းကျင်
ရုပ်ပိုင်းဆိုင်ရာအတားအဆီးအထိန်းအချုပ်တွေ
နေ့စဉ်နေထိုင်မှုအပြောင်းအလဲတွေ
ဆူညံသံ
အဖော်ကင်းမဲ့ပြီး
ပျင်းရိငြီးငွေ့ခြင်းတွေကြောင့် ဖြစ်တက်ပါတယ်။ နာတာရှည် စိတ်ဖိစီးလာပြီ
ဆိုရင်တော့သူတို့ရဲ့ အသက်ရှင်နေထိုင်မှုကိုပါ အကြီးအကျယ်ထိခိုက်လာပါတော့မယ်။
အဲဒီတော့ သူတို့လေးတွေ စိတ်ဖိစီးတာကို
ဘယ်လိုသိနိုင်မလဲ…
တုန်လှုပ်နေမယ်
စိတ်လှုပ်ရှားမှုကြောင့်
တုန်လှုပ်တာဖြစ်နိုင်သလို စိတ်ဖိစီးတာကြောင့် တုန်လှုပ်တာလည်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့်
ကွဲပြားတာကတော့ ပျောရွှင်နေချိန်မှာ အမြီးလေးရမ်းပြီး မျက်နှာလေးက ပြုံးရွှင်နေတဲ့
အသွင်နဲ့ တုန်လှုပ်နေနိုင်ပေမယ့် စိတ်ဖိစီးနေချိန်မှာတော့ အမှောင်ထဲမှာ တကောင်တည်း
ခိုအောင်းနေရင်း မာန်ဖီတာ၊ ကြမ်းတမ်းတဲ့ အပြုအမူတွေနဲ့အတူ
တုန်လှုပ်တာလည်းဖြစ်နိုင်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သူ့စိတ်တည်ငြိမ်အောင်
ကြိုးစားပေးပြီး နွေးနွေးထွေးထွေးဆက်ဆံပေးပါ။
အမွေးအလွန်ကျွတ်မယ်
သာမန်အမွေးကျွတ်တာ သဘာဝကျပါတယ်။
ဒါပေမယ့် သာမန်ထက်ပိုပြီး အမွေးတွေအစုလိုက် အပြုံလိုက် ကျွတ်လာပြီဆိုရင်တော့ ဒါ
စိတ်ဖိစီးမှုဟိုမုန်းတွေ သွေးကြောလေးတွေထဲစိမ့်ဝင်ပြီး ဖြစ်လာတဲ့ အကျိုးဆက်တွေပါ။
အမွေးအလွန်ကျွတ်လာရင်တော့ ဆရာဝန်နဲ့ ပြသတာအကောင်းဆုံးပါ။
မကြာခဏ သန်းမယ်၊ အိပ်မယ်
တနေ့ကို ဘယ်လောက်ကြာကြာအိပ်နေတာလေးပဲ
တချက်လေ့လာကြည့်ပါ။ သာမန်အိပ်နေကျ အချိန်ထက် ပိုပြီး အိပ်နေတာ၊ မကြာခဏ
သန်းဝေနေတာမျိုးတွေဟာ သူစိတ်ဖီးနေပြီဆိုတာကို ပြတဲ့ လက္ခဏာတွေပါ။
ဒီလိုပြဿနာအတွက်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြသတာအကောင်းဆုံးဖြစ်ပါတယ်။
နားရွက်နောက်ပစ်ထားမယ်
ဥပမာ သူတိုပလေးတွေခေါ်လိုက်ချိန်မှာ
နားရွက်လေးထောင်ပြီး သခင်ဆီပြေးလာတာတမျိုးပေါ့။ အခုလို စိတ်ဖိစီးနေချိန်မှာတော့
နားရွက်က အနောက်ကို တင်းမတ်နေအောင် ထားထားတက်ပါတယ်။ ဒါ သူ မသက်မသာဖြစ်နေတာ၊
စိတ်ဖိစီးနေတာကို ပြတဲ့လက္ခဏာပါ။
မကြာခဏ အူမယ်၊ ဟောင်မယ်
အကြောင်းပြချက်မရှိ မကြာခဏ အူတာမျိုး၊
ဟောင်တာမျိုးကလည်း သူစိတ်ဖိစီးနေပြီိဆိုတာကို ဖော်ပြနေပါတယ်။ မကြာခဏဟောင်နေတာက
သူစိတ်တိုနေပြီ၊ ကိုယ်လက်လှုပ်ရှားမှုအားနည်းနေပြီ ဆိုတာတွေကို ပြနေပါတယ်။
အထီးကျန်နေမယ်
အထူးသဖြင့် တကောင်တည်းကျန်နေခဲ့တဲ့
အချိန်မျိုး၊ သူ့ကို ဘယ်သူမှ အရေးမလုပ်တဲ့အချိန်မျိုးတွေမှာ
ဒီလိုစိတ်ဖိစီးမှုတွေဖြစ်လာတက်ပါတယ်။ ဒီလိုအချိန်မျိုးမှာ သူတို့ဟာ
လူနားကပ်မယ့်အစား တခြားခပ်ဝေးဝေးနေရာမှာ သွားထိုင်နေတာ၊ ခုံအောက်ထဲဝင်ပုန်းနေတဲ့
လက္ခဏာတွေ ပြတက်ပါတယ်။
အကြောင်းပြချက်မရှိမောပန်းနေမယ်
တကယ်လို့ နားရွက်ကိုနောက်ပစ်ပြီး
ဘာမှပင်ပင်ပန်းပန်းမပြေးလွှားရဘဲ မောပန်းတဲ့အသွင်ပြနေရင်တော့ သူ့ရဲ့ စိတ်ဖိစီးမှုက
အတော်ကို ပြင်းထန်နေပါပြီ။ ဒီလိုမောပန်းနေခြင်းက နာတာရှည်အအေးမိတာ၊ နှလုံးဝေဒနာ၊
အဆိပ်မိတာတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
အမြီးကုပ်ထားမယ်
သာမန်အချိန်မှာတော့
အမြီးလေးတရမ်းရမ်းနဲ့ ပျော်ရွှင်နေတာမျိုးပြတာပေါ့။ ဒါပေမယ့် အမြီးကုပ်ပြီး
ခေါင်းငိုက်စိုက်ချထားမယ်ဆိုရင်တော့ စိတ်ဖိစီးမှု၊ ထိတ်လန့်ကြောက်ရွံ့မှု၊
စိတ်ပင်ပန်းမှု စတာတွေကို ဖော်ပြနေတာပဲဖြစ်ပါတယ်။
အစာစားလိုစိတ်လျော့နည်းလာမယ်
သာမန်အချိန်တွေတုန်းကလို
အားရပါးရမစားတော့ဘူး။ အစားအသောက်ကို မခုန်မင်တော့ဘူး။ အစာစားတဲ့အခါမှာလည်း ရွေးပြီး
နည်းနည်ပဲစားတယ်။ ဒါဆိုရင်တော့ စိတ်ဖိစီးမှုဝေဒနာ ခံစားနေရတာ သေချာပါပြီ။
အဲဒါကြောင့် ကိုယ်
စိတ်ပင်ပန်းနွမ်းနယ်နေချိန်၊ အားငယ်နေချိန်လိုမျိုးတွေမှာ ကိုယ့်အတွက်
အဖော်ပြုပေးတဲ့ သူတို့လေးတွေ စိတ်ဖိစီးနေချိန်မှာ ဒီအတိုင်းလွှတ်ပြီး
လျစ်လျူရှုမထားပါနဲ့။
လေ့ကျင့်ခန်းပုံမှန်လုပ်ပေးပါ။
သူတို့နဲ့အတူ အချိန်များများ
ကုန်ဆုံးပါ။
ကျန်းမာရေးအတွက် သင့်လျော်တဲ့
အစားအစာတွေများများကျွေးပါ။
သူ့အတွက် သက်သောင့်သက်သာဖြစ်ပြီး
ဆူညံမှုကင်းတဲ့ ပတ်ဝန်းကျင်မျိုးရရှီအောင် ပုံဖော်ပေးပါ။
ခပ်ဖွဖွ နှိပ်နယ်ပေးပါ။
ဆရာဝန်နဲ့ တိုင်ပင်ပြသပါ။
#sawetawsein
#စွယ်တော်စိမ်း #health
Comments
Post a Comment