အိမ်ရှင်မတို့မီးဖိုချောင်ထဲက Skin Cares တွေ
နုပျို တောက်ပတဲ့ အရေပြားကို
ပိုင်ဆိုင်ချင်တာ လူတိုင်းအိပ်မက်ပါ။ အဲဒါကြောင့်
အသားအရေထိန်းသိမ်းစောင့်ရှောက်ခြင်း (Skin Cares လုပ်ခြင်း) ဆိုတာကို လူတိုင်း
ဦးစားပေးကြတယ်။ ပစ္စည်းကောင်းလေ ဈေးကောင်းလေဖြစ်ပေမယ့် ဒီ product တွေက ရေရှည်ကော
အကျိုးရှိပါ့မလား။
ဒီလိုမေးခွန်းမျိုးကို ကျွန်မတို့
အမျိုးသမီးတွေအနေနဲ့ မျက်နှာသစ်ဆေး၊ Toner လေးဝယရင်က အစ စဉ်းစားကြပြီ…။
အဲဒါကြောင့် အသားအရေအတွက် အန္တရာယ်လည်းမဖြစ် ကိုယ့်ငွေကြေးနဲ့လည်း
စဉ်းစားတွက်ချက်နေစရာမလိုအောင်
အိမ်ရှင်မတို့ မီးဖိုချောင်ထဲက Skin Cares
၇ မျိုးကို ရှာဖွေဖော်ထုတ်ပေးလိုက်ပါရစေ။
နနွင်း
ရောင်ရမ်းခြင်းသက်သာစေပြီး
အသားကိုဝင်းလက်စေတယ်။ ပျားရည်နဲ့ရောပြီး မျက်နှာကို mask
အနေနဲ့သာသုံးပေးလိုက်မယ်ဆိုလို့ကတော့ နီရဲ ရောင်ရမ်းနေတဲ့အရေပြားကို သက်သာရာ
ရစေမှာ အသေချာပဲ။
အုန်းဆီ
သူ့မှာက မှို၊ ဘက်တီးရီးယားတွေကို
သေစေနိုင်စွမ်းရှိတဲ့အတွက် Hair mask အနေနဲ့သုံးမယ်ဆိုရင် ဗောက်ပျောက်စေတာ
လုံးဝအသေချာပဲ။ အံ့သြဖို့ကောင်းတာက အစိုဓာတ်ပေးနိုင်စွမ်းတွေအများကြီးပါပြီး
နူးညံ့တဲ့ မျက်ဝန်းအရေပြားတ၀ိုက်က eye makeup တွေ ဖျက်လို့ ကောင်တာ အသေချာပဲ။
ဒိန်ချဉ်
သူကတော့ အသားအရေကို ကြေးချွတ်ပေးတယ်။
အစိုဓာတ်ဖြည့်ပေးတယ်။ အရေးအကြောင်းတွေလည်းပျောက်စေသလို အိုမင်းရင့်ရော်ခြင်းဖြစ်စဉ်ကို
နှေးကွေးစေတယ်။ ညအိပ်ရာဝင်ကာနီးတိုင်း mask အနေနဲ့သာ သုံးပေး။
ကော်ဖီမှုန့်
ချစ်စရာကောင်းတဲ့ အရသာနဲ့ ရနံ့ရှိတဲ့
ကော်ဖီမှုန့်ကတော့ လူတိုင်းအိမ်မှာရှိမှာ သေချာပါတယ်။ သူကတော့ အရေပြားဆဲလ်အသေတွေကို
ဖယ်ရှားပေးပြီး အသားအရေကို ၀င်းလက်စေတယ်။ပြီးတော့ အမျိုးသမီးတွေအတွက်
သတင်းကောင်းတခုက ပေါင်တို့ ဗိုက်တို့မှာ ဖြစ်နေတဲ့ Cellulite တွေကို ဖယ်ရှားပေးတယ်။
သခွားသီး
သခွားသီးမှာပါတဲ့ ascorbic acid
မျက်တွင်း ညိုမည်းတာတွေ၊ မျက်ရစ်ဖောင်းအစ်တာတွေကို လျော့ကျသက်သာပြီး မျက်ဝန်းကို
ကြည်ကြည်လေးနဲ့လှစေတာ။ ညအိပ်ရာဝင်ကာနီးတိုင်း အချိန် ၁၅ မိနစ်လောက်ပေးပြီး
သခွားသီး ခပ်ပါးပါးကို မျက်ဝန်းပေါ်အုပ်ထားပေးလိုက်ရုံပါပဲ။
သကြားညို
နှုတ်ခမ်းလေးပန်းနုရောင်သန်းပြီး
လှနေချင်ရင်တော့ သကြားညိုနဲ့ အုန်းဆီရောပြီး Lip Scrub လေးလုပ်ပေးရုံပါပဲ။
ပျားရည်
ပျားရည်မှာပါတဲ့ သဘာဝအင်ဇိုင်းနဲ့
ဗီတာမင်တွေကတော့ အသားအရေကို ရေဓာတ်ဖြည့်ပေးပြီး ပြန်လည်တင်းရင်းစေပါတယ်။
ကဲ… အခုချိန်ကစပြီး အသားအရေထိန်းသိမ်းဖို့
ကိုယ့် မီးဖိုချောင်ထဲက သဘာဝပစ္စည်းလးတွေကို ရှာဖွေလိုက်ကြရအောင်နော်။
#sawetawsein #beauty #beauty
Comments
Post a Comment