ဆိုးဆိုးရွားရွား ဆံပင်ညှပ်ခံရပြီးနောက် လက်တွေ့လောကရဲ့ Rapunzel ဖြစ်လာသူလေး
Rapunzel ဆိုရင် လူတိုင်းနီးပါးကြားဖူးကြမယ်ထင်ပါရဲ့။ လှပတဲ့ ဆံပင်အရှည်ကြီးပိုင်ဆိုင်ထားတဲ့
Disney ရဲ့ မင်းသမီးလေးတွထဲကတယောက်…။
အခု လက်တွေ့ဘ၀က Rapunzel မင်းသမီးလေးဟာ သူ့ဆံပင်ရှည်ကြီးနဲ့ ဂင်းနစ်စံချိန်တင်လိုက်ပါတယ်။
အသက် ၁၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အိန္ဒိယ နိုင်ငံက ဆယ်ကျော်သက်လေး Nilanshi
Patel ဟာ ၅ ပေ ၇ လက်မ ( ၁၇၀.၅ စင်တီမီတာ) အရှည်ရှိတဲ့ ဆံပင်ရှည်ကြီးနဲ့ ဆယ်ကျော်သက်တဦးအတွက်
အရှည်ဆုံး ဆံကေသာနဲ့ Guiness စံချိန်တင်လိုက်ပါတယ်။
NIlanshi ရဲ့ အပြောအရတော့ သူက ဒီဆံပင်ရှည်ကြီးကို သူ့အသက် ၆ နှစ်အရွယ် ဆိုးဆိုးရွားရွားဆံပင်ညှပ်ခံခဲံရတဲ့အချိန်ကစပြီး
နောက်ထပ် ဘယ်တော့မှ ဆံပင်ညှပ်မညှပ်ဖို့ ဆုံးဖြတ်ချက် ချလိုက်ရင်း ထားလိုက်တာပါ တဲ့။
ထုံးစံအတိုင်း ဆံပင်ရှည်လာတာနဲ့အမျှ
ထိန်းသိမ်းရတာလည်း အခက်အခဲတခုပါ။ အဲဒီအတွက် သူ့အမေက သူ့အတွက် အကောင်းဆုံးထောက်ပံ့ပေးခဲ့ပါတယ်တဲ့။
Guiness ရဲ့ အပြောအရတော့ Nilanshi အတွက် ဒီဆံပင်ရှည်ကြီးကို တပါတ်တကြိမ်လျှော်ရတာဟာ
ခက်ခဲကြမ်းတမ်းတဲ့အလုပ်တခုပါ။ ပြီးတော့ ဒီဆံပင်ခြောက်သွေ့သွားဖို့အတွက် တစ်နာရီခွဲလောက်
အချိန်ယူရပါတယ်တဲ့။
Nilanshi က “ လူတွေက ကျွန်မဒီဆံပင်အရှည်ကြီးကြောင့် ပြဿနာများများကြုံရတယ်လို့ထင်နေကြတယ်။
ဒါပေမယ့် ကျွန်မ မကြုံရပါဘူး။ ဒီဆံပင်ရှည်နဲ့ပဲ အားကစားလည်းလုပ်တာပဲ။ ဒါကျွန်မအတွက်
ကံကောင်းတဲ့ ဆွဲဆောင်မှုလေးတစ်ခုပါ” ဆိုပြီး ပြောပြထားပါတယ်။
#sawetawsein #စွယ်တော်စိမ်း
Comments
Post a Comment