Hello Kitty collection ပေါင်း ၅၀၀၀ နဲ့ Guiness စံချိန်တင်လိုက်တဲ့ အဘိုး
လူတိုင်းလူတိုင်းမှာ ၀ါသနာတခုကို တစိုက်မတ်မတ်လုပ်တက်တဲ့ သူငယ်ချင်းမျိုးရှိဖူးကြမှာပါ။
ဥပမာ မိတ်ကပ်တွေမျိုးစုံဝယ်တက်တဲ့ ၀ါသနာပါတဲ့သူငယ်ချင်း၊ နောက်ပြီး ဘယ်နေရာရောက်ရောက်
အရုပ်လေးတွေ ၀ယ်ပြီးစုရတာ ၀ါသနာပါတဲ့ သူငယ်ချင်းမျိုး…။
အခုပြောပြမှာကတော့ Hello Kitty ရုပ်လေးတွေချည်း မျိုးစုံစုတက်သူတယောက်အကြောင်း။
Hello Kitty ရုပ်ေးလတွေစုတယ်လို့ ပြောလိုက်ရင် မိန်းကလေိးု့ ထင်ကြလိမ့်မယ်။
မှားသွားပါလိမ့်မယ်။ အခု Hello Kitty ရုပ်လေးတွေကို စုတဲ့သူက ဂျပန်က အဘိုးတယောက်ပါ။
ပို အဆင်ပြေသွားတာက Hello Kitty တို့ရဲ့မြေ ဂျပန်မှာဆိုတော့ သူ့အတွက်ပိုအဆင်ပြေသွားတာပေါ့။
အခုဆိုရင် အရုပ်လေးတွေစုလာတဲ့ ၃၅ နှစ်တာကာလအတွင်းမှာ Hello Kitty ပေါင်း ၅၀၀၀ နဲ့
Guiness စံချိန်တင်သွားပါပြီ။
သူ့မှာ ဘာတွေရှိလဲဆိုရင် Hello Kitty ရုပ်လေးတွေ၊ စာရေးကိရိယာ၊ လက်ကိုင်ပ၀ါ၊
နာရီ၊ မီးဖိုချောင်သုံးပစ္စည်းတောင် Hello Kitty ရုပ်လေးနဲ့။ ဆိုင်ကယ်စီးဦးထုပ်ပါ ပါသေး။
အမယ် နေတာတောင်မှ Hello Kitty ပန်းရောင် wallpaper ကပ်ထားတဲ့ အိမ်နဲ့။
ဘာကြောင့် Hello Kitty တွေကို စုလဲဆိုတော့ ကွန်ကျိ က “Hello Kitty လေးတွေရဲ့
သွင်ပြင်ကြောင့်ပါ။ သူတို့က ကျွန်တော်ဝမ်းနည်းနေချိန် လိုက်ဝမ်းနည်းနေပြီး ပျော်နေတဲ့အချိန်
ကျွန်တော်နဲ့အတူ လိုက်ပျော်တယ်လို့ ခံစားရတယ်” ဆိုပြီး ပြောပြလာပါတယ်။
ဒီလို စုစောင်းတာနဲ့အတူ အရုပ်လေးတွေကို လေ့လာချင်လို့ သူ့အိမ်ကို လာတဲ့ ဧည့်သည်တွေလည်း
အများအပြားပါ။
ပန်းရောင်လေးတွေ စုလို့ gay လို့ မထင်နဲ့ဦး။ အိမ်ထောင်ရှိပါတယ်။
အောင်မြင်တဲ့ အမျိုးသားတိုင်းရဲ့နောက်မှာ သူ့ကို ခွန်အားပေးတဲ့အမျိုးသမီးတယောက်ရှိတယ်
ဆိုတဲ့အတိုင်း ကွန်ကျိရဲ့ အမျိုးသမီးဖြစ်သူက သူတက်နိုင်သလောက် ဘယ်နေရာကမဆို Hello
Kitty လေးတွေဝယ်လာပေးပါတယ် တဲ့။
သူ့ရှေ့က Hello Kitty နဲ့ စံချိန်တင်ခဲ့ဖူးသူကတော့ အရုပ်ပေါင်း ၄၅၁၉ ရုပ်ရှိပါတယ်။
#sawetawsein #စွယ်တော်စိမ်း
Credit : Elite Readers, Guiness World Record
Comments
Post a Comment