Google Translate သုံးပြီး ချစ်ခြင်းတွေကို ရှေ့ဆက်လိုက်ကြတဲ့ စုံတွဲ
ချစ်ခြင်း… ချစ်မိသူတိုင်းပြောကြတယ် “အချစ်ကြောင့် ရူးကြောင်ကြောင်တွေတောင်
လုပ်မိတက်ကြတယ်” တဲ့။ တချို့ကတော့ ကိုယ်ချစ်သူကိုရှာဖွေဖို့၊ ချစ်သူနဲ့အတူရှိဖို့ သူရှိတဲ့
မိုင်ထောင်ပေါင်းများစွာကို ရှာဖွေသွားရောက်ကြတယ်။
ဒါပေမယ့်…ကိုယ်သုံးတဲ့ ဘာသာစကားအသုံးမပြုတက်၊ သူ့ဘာသာစကား ကိုယ်မပြောတက်တဲ့
သူတယောက်နဲ့ ချစ်ကြိုက်မိရင် ဘယ်လိုလုပ်ကြမလဲ…။
ကွဲပြားခြားနားတဲ့ ယဉ်ကျေးမှု၊ ယုံကြည်ကိုးကွယ်မှုနဲ့ ဘာသာစကားတွေက ချစ်ခြင်းတရား
တခုကို ဖန်တီးပေးနိုင်သလို ပျက်လည်း ပျက်စီးသွားစေနိုင်တယ်။
ဒါပေမယ့် UK နိုင်ငံသူတယောက်နဲ့ အီတလီနိုင်ငံသားကောင်လေးဟာ Google
Translate သုံးပြီး သူတို့ရဲ့ ချစ်ခြင်းတွေကို အကောင်အထည်ဖော်လိုက်ပါသတဲ့။
Chole နဲ့ Daniele တို့ဟာ Ibiza က nightclub တခုမှာ ပထမဆုံးဆုံတွေခဲ့ကြပါတယ်။
Club ဆိုတော့ သိတဲ့အတိုင်း အသံတွေက အရမ်းဆူညံလို့ စကားသံတွေကြားဖို့မပြောနဲ့ ပိုဆိုးတာက
သူတို့နှစ်ယောက်က တူညီတဲ့ ဘာသာစကားတခုတောင် မပြောနိုင်ကြပါဘူး။
ကျေးဇူးတင်စရာကောင်းတာကတော့ UK အမျိုးသမီးမှာပါတဲ့ Google Translate ဟာ သူတို့နှစ်ဦးရှေ့ဆက်တိုးဖို့
အခွင့်အရေးတခုဖြစ်လာခဲ့ပါတော့တယ်။
Chloe က “ Daniele နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာကောင်းတာတခုရှိနေခဲ့တယ်။ ကျွန်မတို့
တစ်ယောက်နဲ့တစ်ယောက် ဘာသာစကားနားမလည်နိုင်တာပြဿနာမဟုတ်ခဲ့ဘူး။ သူကဆွဆြောင်မှုရှိလွန်းလို့
ကျွန်မပဲ ဦးဆုံးလှုပ်ရှားလိုက်ပြီး သူ့ဖုန်းနံပါတ်တောင်းခဲ့တာ” ဆိုပြီး အဖြစ်အပျက်ကို
ပြန်ပြောပြလာပါတယ်။
သူတို့ဘယ်လောက်တောင်ချစ်ကြသလဲဆိုရင် ဘာသာစကားအခက်အခဲက သူတို့အချစ်ကို ဘယ်လိုမှ
မတားဆီးနိုင်ခဲ့ပါဘူး။ တယောက်နဲ့တယောက် Google Translate သုံးပြီး ဆက်သွယ်ပြောဆိုကြတယ်။
ရုပ်ရှင်ကြည့်တာတောင် စာတန်းထိုးကြည့်ကြတာ။
တပါတ်အကြာမှာတော့ ဘာစီလိုနာကို ခရီးအတူထွက်ခဲ့ကြပြီး အခုဆိုသူတို့နှစ်ယောက်တွဲတာ ၂ နှစ်ရှိသွားပါပြီ။ နှစ်ယောက်စလုံးကလည်း သူတို့အချစ်ရေရှည်တည်မြဲဖို့အတွက်
တယောက်ဘာသာစကား တယောက်လေ့လာနေကြပါပြီ။
Daniele ကလည်း “Chloe က စကားလည်းအရမ်းပြောတယ်။ ရယ်လည်းအရမ်းရယ်တယ်။ ဒါပေမယ့်
သူဘာပြောလဲဆိုတာ ကျွန်တော်နားမလည်နိုင်ဘူး။ ကျွန်တော်သိတာ တခုက သူက ထူးခြားတယ်ဆိုတာပဲ။
နှစ်ယောက်စလုံးပထမစတွေ့ကတည်းက အတူတူရှိချင်ခဲ့ကြတာ။ သူက ကျွန်တော့်ကို English ဘာသာစကားသင်တာမှာကူညီတယ်။
ကျွန်တော်ကလည်းသူ့ကို အီတာလျန်အစားအစာ ချက်ပြုတ်တာမှာ ကူညီသင်ပေးတယ်။
ပထမဆုံးစတွေ့ကတည်းက ကျွန်တော် Chloe နဲ့ပတ်သက်ပြီး ခံစားမိတာ တခုက သူက ကျွန်တော့်ဘဝ
လက်တွဲဖော် ဆိုတာပဲ” ဆိုပြီး ပြောပြထားပါတယ်။
#sawetawsein #စွယ်တော်စိမ်း
Comments
Post a Comment