ဆယ်စုနှစ် ၇ ခုလောက်အတူ ချစ်ကြိုက်ခဲ့တဲ့ ဇနီးမောင်နှံ နှစ်ဦး ကွယ်လွန်တော့လည်း အတူ…




အခုခေတ်မှာ အချစ်ဆိုတာ ကြည့်လိုက်ရင် အချိန်တိုတိုလေးနဲ့ အလဲလဲ အကွဲကွဲပဲ။ ဘာကြောင့်လဲဆိုတော့ အများစုက တယောက်နဲ့တယောက် အချစ်စစ်နဲ့ အပြန်အလှန်လေးစားမှုဆိုတဲ့အရာတွေအပေါ်မှာ ဖန်တီးတည်ဆောက်ထားတာမှမဟုတ်တာ။ ဒါပေမယ့် အချိန်နဲ့ ပတ်ဝန်းကျင်ရဲ့ တိုက်စားမှုဒဏ်တွေကို ကြံ့ကြံ့ခံပြီး တည်မြဲနေတဲ့ ချစ်ခြင်းတရားကျပြန်တော့လည်း “သြော်… အချစ်စစ်ဆိုတာရှိပါသေးလား” ဆိုတဲ့ စိတ်လေးနဲ့ ကြည်နူးလွမ်းဆွတ်စရာကောင်းနေရောမဟုတ်ပါလား။

Prebel Staver ဆိုတဲ့အမျိုးသားနဲ့ Isabell ဆိုတဲ့အမျိုးသမီးတို့ဟာ ၁၉၂၁ ခုနှစ်ရဲ့ အောက်တိုဘာလမှာ ရက်ပိုင်းလေးပဲ ခြားပြီးမွေးဖွားခဲ့ပြီး Blind Date လုပ်ရင်း ဆုံဆည်းခဲ့ကြသူတွေပါ။ ပထမဆုံေးတွ့တဲ့နေ့ကတည်းက သိလိုက်တာက “သူတို့နှစ်ယောက်ဟာ ဘ၀အတွက် ကံကြမ္မာက ဖန်တီးပေးထားတဲ့ လက်တွဲဖော်” ပဲတဲ့။

အမေရိကန်ပြည်ထောင်စု ဒုတိယကမ္ဘာစစ်ထဲ ၀င်ရောက်လာတဲ့အချိန်မှာတော့ Preble က ရေတပ်သားတယောက်အဖြစ်တာဝန်ထမ်းဆောင်ပြီး Isabell က သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ ဒုတိယ ကမ္ဘာစစ်အပြီး ၅ လအကြာမှာတော့ သူတို့နှစ်ယောက် ပြန်လည် ပေါင်းစည်းပြီး ၁၉၄၆ ဖေဖော်ဝါ၇ီလ ၁၅ ရက်နေ့မှ လက်ထပ်ခဲ့လိုက်ပါတော့တယ်။ အဲဒီအချိန်ကနေစပြီး သူတို့နှစ်ဦးရဲ့ဘ၀မှာ သားသမီး ၅ ဦးထွန်းကားလာပြီး အချစ်တွေ၊ ပျော်ရွှင်မှုတွေနဲ့ ကြည်နူးစရာကောင်းလိုက်တာ…။

ဒါပေမယ့် ၂၀၁၃ ခုနှစ်ရောက်တဲ့အချိန်မှာတော့ Isabell တယောက် ဦးနှောက်မှတ်ဥာဏ်ပိုင်းဆိုင်ရာ ပြဿနာတွေ လက္ခဏာပြလာပါတော့တယ်။
ဒီအကျိုးဆက်ကြောင့် သူတို့နှစ်ဦးဟာ ဗာဂျီးနီးယားက ကျန်းမာရေးစောင့်ရှောက်မှု ဂေဟာကို ရောက်လာပါတော့တယ်။ အတူတူတော့ အချိန်ကုန်ဆုံးခွင့်ရတယ်။ ဒါပေမယ့် အိပ်တဲ့အချိန်မှာတော့ ခွဲပြီးအိပ်ကြရတာ။

ဒီလောက်ချစ်တက်ကြသူနှစ်ဦးအတွက် ဘယ်လောက်တောင် ခက်ခဲလိုက်မလဲ…။ အခက်ခဲအပင်ပန်းရဆုံးရ Preble ပဲဖြစ်လိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူချစ်တဲ့အမျိုးသမီးကို ရောဂါဝေဒနာက တဖြည်းဖြည်း ၀ါးမျိုသွားတာကို သူက မြင်နေရတာကိုး…။

သူ့သားသမီးတွေထဲက တယောက်ဖြစ်တဲ့ Laurie ကတော့ “ အဖေက အမေ့ဆီကို wheel chair လေးနဲ့ သွားလည်တယ်။ သူတို့နှစ်ယောက်တွေ့တဲ့အခါ ပထမဆုံးလုပ်ဖြစ်တာက တစ်ယောက်နဲ့တစ်ယောက် လက်ကို ဆုပ်ကိုင်ပြီး ဘယ်လောက်ချစ်တယ်ဆိုတာ ပြောကြတာပဲ”  ဆိုပြီး ပြောပြလာပါတယ်။

Preble ရဲ့ အသက် ၉၆ နှစ်ပြည့်မွေးနေ့မတိုင်ခင်မှာတော့ သူက သူ့ဇနီးဖြစ်သူနဲ့အတူ တရေးလောက်အတူတူအိပ်ရဖို့ ဆန္ဒပြုခဲ့တယ်။
 သူ့ဆန္ဒကို ဂေဟာက ၀န်ထမ်းတွေကလည်း ဖြည့်ဆည်းပေးခဲ့ပါတယ်။ Preble နဲ့ Isabell လည်း တယောက်ဘေးမှာ တယောက် ၃ နာရီကြာအောင် မှေးစက်နေလိုက်တာ…။

တယောက်နဲ့ တယောက် ဘာစကားမှမပြောဘူး။ တယောက်လက် တယောက်တွဲပြီး အိပ်ပျော်သွားလိုက်တာ…။

ဒီအဖြစ်အပျက်အပြီး သိပ်မကြာခင်ရက်ပိုင်းလေးမှာပဲ ၂၀၁၇ ခုနှစ်ရဲ့ အောက်တိုဘာလ ၂၅ ရက်နေ့မှာ Isabell တယောက် ကွယ်လွန်သွားခဲ့ပါတယ်။ အဲဒီတုန်းက Preble လည်း သူ့ကို နှုတ်ဆက်ဖို့ရှိနေခဲ့တယ်။

Isabell ကွယ်လွန်ပြီး ၁၄ နာရီအကြာမှာတော့ Preble လည်း ကွယ်လွန်သွားပါတော့တယ်…။

#sawetawsein #စွယ်တော်စိမ်း

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...