ကိုယ်တိုင်ဝတ် ကိုယ်တိုင်မော်ဒယ်ထိုင် ကိုယ်တိုင်ရောင်း
Click လေးတချက်ခေါက်လိုက်ရုံနဲ့ Shopping mall ထိ အချိန်ကုန်ခံသွားနေစရာမလိုတဲ့ခေတ်ရောက်နေပါပြီ
နော်။ ဒါပေမယ့် Online ကနေဈေးဝယ်ရင်း ဓာတ်ပုံထဲက ပစ္စည်းနဲ့ အပြင်က ပစ္စည်းအရည်အသွေးမတူတာတွေ
ကြုံတွေ့နေတာတွေလည်း ရှိတာကြောင့် “Expectation VS Reality” ဆိုပြီး memes တွေတောင်
ထွက်လာသေးတာပဲ။
အဲဒါကြောင့် အွန်လိုင်းဈေးဝယ်သူတယောက်က သူမ မှာချင်တဲ့ ၀တ်စုံအတွက် အပြင်ပုံလေးအရင်ပြဖို့
ဈေးရောင်းသူကို တောင်းဆိုခဲ့ပါတယ်။ ဈေးသည်ကြီးကလည်း ပို့ပေးရှာပါတယ်။
အန်ဒရီယာ ဆိုတဲ့ အမျိုးသမီးဟာ AliExpress ကနေ သူ့ကပွဲမှာ ၀တ်ဖို့ စိတ်ကြိုက်တွေ့သွားတဲ့
ဝတ်စုံလေးကို ဈေးရောင်းသူကို ပို့ပေးဖို့တောင်းဆိုလိုက်ပါတယ်။
အန်ဒရီယာမျှော်လင့်ထားတာကတော့ ဈေးသည်ကြီးက အရုပ်မမှာ ၀တ်စုံဝတ်ထားတာကို ရိုက်ပို့ပေးပါမယ်ပေါ့။
အန်ဒရီယာ မထင်မှတ်ထားမိလိုက်တာက တောက်ပပြောင်လက်ပြီး အရောင်သွေးလှပတဲ့ ၀တ်စုံကို
အရုပ်မမှာ ၀တ်ဆင်ပေးမယ့်အစား ဈေးသည်ကြီးက ကိုယ်တိုင်ဝတ်၊ ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်တာပါပဲ။
ဝတ်စုံက သူ့ဖာသာသူလည်း လှနေပါတယ်။ ဒါပေမယ့် အန်ဒ၇ီယာတယောက် ဒီပုံလေးတွေကို
အွန်လိုင်းပေါ်တင် အရွှန်းဖောက်လိုက်ပြီးနောက်မှာတော့ ဈေးသည်ကြီးရဲ့ ကိုယ်တိုင်မော်ဒယ်ထိုင်မှုကြောင့်
ဈေးဝယ်သူတွေ ပိုပြီး သဘောကျစရာဖြစ်လာပါတော့တယ်။
စိတ်မကောင်းစရာက ၀တ်စုံလေးတွေဟာ အခုချိန်မှာ မရတော့ပါဘူး။ ဒါပေမယ့် ဈေးရောင်းသူကြီးရဲ့
ပုံတွေကတော့ အွန်လိုင်းမှာ အခုချိန်အထိ ပြောစမှတ်ဖြစ်နေဆဲပါ။ သူ့ကိုတောင် “Disney
Princess” ဆိုပြီး ချီးကျူးထားကြသေးတယ်။
#sawetawsein #စွယ်တော်စိမ်း
Comments
Post a Comment