ဆိတ်တွေဟာ ပြုံးနေသူတွေကို ပိုသဘောကျတက်တယ်
“ရင်းနှီးမှုနဲ့ ငြိမ်းချမ်းရေးရဲ့ သင်္ကေတဖြစ်တဲ့ မင်းရဲ့အပြုံးကို ကမ္ဘာကြီးနဲ့အတူမျှဝေလိုက်ပါ။”
တဲ့ ။
တကယ်တော့ ဒီစကားလေးက လူတွေအတွက်ချည်းသပ်သပ် မဟုတ်လောက်ဘူး။
လေ့လာတွေ့ရှိချက်တခုအရ ဆိတ်တွေဟာ လူတွေရဲ့ စိတ်ဆိုးမာန်ဆိုးမျက်နှာထက် ပြုံးနေတဲ့
မျက်နှာလေးကို ပိုပြီး သဘောကျတက်ပါသတဲ့။
ဒီလေ့လာတွေ့ရှိချက်ကို United Kingdom က Buttercups Sanctuary က ဆိတ်အကောင်
၂၀ ကို လေ့လာရင်း ထုတ်ပြန်ခဲ့တာပါ။
ဆိတ်တွေကို စိတ်ဆိုးနေတဲ့လူပုံနဲ့ ပြုံးနေတဲ့ လူမျက်နှာပုံကို ယှဉ်ပြီး ပြထားပါတယ်။
အချိန်တောင် သိပ်မပေးလိုက်ရပါဘူး။ ဆိတ်တွေဟာ စိတ်ဆိုးနေတဲ့ မျက်နှာကို လျစ်လျူရှုပြီး
ပြုံးနေတဲ့ မျက်နှာပုံကို ဂရုတစိုက်ရှိမိနေကြပါတယ်တဲ့။
ဒီလေ့လာချက်အရဆိုရင် ဆိတ်တွေဟာလည်း လူသားတွေရဲ့ မျက်နှာသွင်ပြင်က အကြင်နာတရားကို
အာရုံခံနိုင်တဲ့ သဘောပဲပေါ့။
ကဲ… ဟုတ်မဟုတ်ကတော့ ပိုသေချာချင်ရင် စွယ်တော်စိမ်းပရိသတ်ကြီးလည်း ဆိတ်ရှေ့မှာ
ပြုံးပြကြည့်ပေါ့။ သူတို့ဘယ်လိုနေမလဲဆိုတာ…။
ခွေးလေး ကြောင်လေးတွေကတော့ လူတွေပြုံးနေရင် စိတ်ကောင်းဝင်နေမှန်းသိပြီး သူတို့လည်း
ပျော်ရွှင်နေတက်ကြတယ်။ လူတွေမျက်နှာတည်ကြီးနဲ့ဆို သူတို့လည်း နည်းနည်း ခပ်ခွာခွာနဲ့
သတိထားနေတဲ့ ပုံစံမျိုး။ အဲဒါတော့ သတိထားမိကြတယ် ဟုတ်…။
#sawetawsein #စွယ်တော်စိမ်း
Comments
Post a Comment