ခြေထောက်အနံ့ထွက်သူတွေ ဖတ်ကြည့်



အနံ့ထွက်နေတဲ့ ခြေထောက်တွေ…။ လူတိုင်းကြုံဖူးကြမယ်ထင်ပါတယ်။ ကိုယ်တိုင်သာမက ကိုယ့်ပါတ်ဝန်းကျင်ကိုပါ အနှောင့်အယှက်ဖြစ်စေတဲ့ ပြဿနာတခုပါ။ ပြဿနာရဲ့ အကြောင်းရင်းကတော့ အထူးသဖြင့် ဖိနပ်အပိတ်စီးသူတွေ ခြေဖ၀ါးကနေချွေးထွက်တဲ့အခါ ချွေးကအငွေ့ပြန်စရာမရှိ၊ ခြေထောက်စိုစွတ်ပြီး အမှောင်ထဲမှာ ဘက်တီးရီးယားတွေ ပိုပေါက်ဖွားလာပါတယ်။ အထူးသဖြင့် ပူပူအိုက်အိုက်နွေရာသီလိုမျိုး Shoes စီးသူတွေပိုဆိုးပြီပေါ့။

အဲဒီတော့ နံစော်နေတဲ့ ခြေထောက်ကို အနံ့ပျောက်အောင် ဘယ်လိုလုပ်ကြမလဲ…။

နေ့တိုင်းရေဆေး
တနေ့ ၂ ကြိမ်တော့ ဆပ်ပြာသုံးပြီး ခြေထောက်ကို သန့်ရှင်းရေးလုပ်ပေးပါ။ ညအိပ်ရာဝင်ကာနီးတိုင်း ရေခပ်နွေးနွေးလေး စိမ်ပေးခြင်းကလည်း အနံ့ပျောက်စေပါတယ်။ ခြေထောက်ဆေးပြီးတိုင်းလည်း ရေခြောက်အောင်သုပ်ဖို့ မမေ့ပါနဲ့။

ဖိနပ်တရံတည်း ရက်ဆက်မ၀တ်နဲ့
ဒီဖိနပ်တရံတည်းနေ့စဉ်ရက်ဆက်ဝတ်ခြင်းက ဖိနပ်အတွင်းကို ခြောက်သွေ့သန့်ရှင်းပြီး ဘက်တီးရီးယားပေါက်ဖွားခွင့် မပေးလိုက်သလိုပါပဲ။အဲဒါကြောင့် ဖြစ်နိုင်ရင် ဖိနပ်တရံကို တရက်စီ လဲလှယ်ဝတ်ပေးတာအကောင်းဆုံးပါ။

ခြေထောက်ကြေးချွတ်
အရေပြာဆဲလ်အသေတွေများနေတဲ့ ခြေထောက်ဟာလည်း အနံ့ဆိုးထွက်ဖို့ အလွယ်ကူဆုံးလို့ ပြောလို့ရပါတယ်။ အဲဒါကြောင့် သံလွင်ဆီနဲ့ သကြားညိုရောစပ်ပြီး scrub လုပ်ပေးတာမျိုး ၁၀ ရက် တကြိမ်လောက် ပုံမှန်လုပ်ပေးပါ။

သားရေ၊ ချည်သားဖိနပ်စီး
သားရေအတုနဲ့ဖနတီးထားတဲ့ ဖိနပ်တွေဟာ လေ၀င်လေထွက်မကောင်းတာကြောင့် ခြေထောက်ရနံ့ဆိုးထွက်ဖို့ အလားအလာပိုများပါတယ်။အဲဒါကြောင့် ဖြစ်နိုင်င် ခြေညှပ်ဖိနပ်စီးတာဖြစ်စေ၊ သားရေ၊ ချည်သားဖိနပ်မျိုးရွေးချယ်စီးပေးပါ။

ရှာလကာရည်စိမ်
ရှာလကာရည်နဲ့ ရေ ဆတူရောစပ်ပြီး ၁၅ မိနစ်ခန့် ခြေထောက်စိမ်ပေးခြင်းကလည်းသူ့မှာပါတဲ့ အက်ဆစ်ဓာတ်ကြောင့် ခြေထောက်အနံ့ထွက်ခြင်းကို လျော့ပါး သက်သာစေပါလိမ့်မယ်။

ခြေအိတ်ဝတ်
ခြေအိတ်ဝတ်လိုက်တဲ့အတွက် အနံ့က အပြင်ထွက်ဖို့ အနည်းငယ်သက်သာသွားပါလိမ့်မယ်။

သန့်ရှင်းရေးလုပ်
ကိုယ်စီးနေတဲ့ ဖိနပ်အတွင်းပိုင်းကိုလည်း ဘက်တီးရီးယားသေစေတဲ့ ပိုးသတ်ဆေးလေးနဲ့ သန့်ရှင်းရေးလုပ်ပေးဖို့လည်း မမေ့ပါနဲ့။
#sawetawsein #စွယ်တော်စိမ်း #beauty

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...