ခြင်ကိုက်လို့ ယားယံတာတွေ မဖြစ်ရအောင် ပန်းသီးရှာလကာရည် သုံးပါ


 

 

နေပူပူ၊ မိုးရွာရွာ ဘယ်နေရာ ရောက်ရောက် ကိုက်လိုက်တိုင်း ယားတက်တာ ခြင်ပါ။ နားရွက်နားမှာ အတောင်ပံခပ်သံ တ၀ီဝီ၊ သွေးစုပ်ပြီးရင်လည်း မပြီးဘူး။ ယားလာရော။ ယားတော့ ကုတ်မိ။ ကုတ်တော့ အနာဖြစ်…အလှပျက်။

ခြင်တကောင်ကြောင့် ဖြစ်ရတဲ့ နောက်ဆက်တွဲတွေ မနည်းလှပါဘူး။ ဒါတောင် ငှက်ဖျား၊ ဆင်ခြေထောက်၊ သွေးလွန်တုပ်ကွေး တို့လိုကျန်းမာရေး နောက်ဆက်တွဲဆိုးကျိုးတွေ ကျန်သေးတယ်။

 

အဲဒီတော့ ဒီလိုခြင်ကိုက်လို့ ယားယံတဲ့ဒဏ်တွေကို လွယ်လွယ်ကူကူ ကုသကြမလဲ…

ပန်းသီးရှာလကာရည်

ပန်းသီးရှာလကာရည်ရဲ့ အက်ဆစ်သဘာဝကြောင့် ခြင်ကိုက်လို့ ယားယံခြင်းတွေကို လျော့ပါးစေပါလိမ့်မယ်။

-      ပန်းသီးရှာလကာရည်နဲ့ ရေ ဆတူရောပါ။

-      ဂွမ်းစလေးနဲ့ ဆွတ်ပြီး ပိုလျှံနေတဲ့ အရည်တွေကို ညှစ်လိုက်ပါ။

-      ပြီးရင် ဒီဂွမ်းစလေးကို ခြင်ကိုက်ဖုပေါ် ၁ မိနစ်ခန့် ဖိအုပ်ထားပေးလိုက်ပါ။

-      လိုအပ်ရင် အကြိမ်ကြိမ် ပြန်လုပ်ပေးနိုင်ပါတယ်။

ရေခဲအုံ

 

ရိုးရိုးရေခဲတော့ မဟုတ်ပါဘူး။

-      ပန်းသီးရှာလကာရည်နဲ့ ရေဆတူရောစပ်ထားတာကို ခဲသွားအောင် အအေးခံပါ။

-      ၄င်းရေခဲတုံးလေးကို အ၀တ်သန့်သန့်နဲ့ ထုတ်ပိုးပြီး ယားယံနေတဲ့ ခြင်ကိုက်ဖုပေါ် ၁၅ မိနစ်ခန့် အုပ်ထားပေးလိုက်ပါ။

-      ပြီးမှ ရေအေးအေးလေးနဲ့ ဆေးချပါ။

-      ယားယံတာတင်မက။ ယောင်ရမ်းတာပါ သက်သာသွားစေပါလိမ့်မယ်။

ပန်းသီးရှာလကာရည်နဲ့ ရေချိုးပါ

နောက်ဆုံး ခြင်တွေအလွန်ကို ကိုက်လွန်းလို့ တကိုယ်လုံးယားယံပြီး မခံမရပ်နိုင်အောင် ဖြစ်နေပြီိဆိုရင်တော့ ရေခပ်နွေးနွေးလေးကို ပန်းသီးရှာလကာရည် ရောထည့်ပြီး ၁၅ မိနစ်ခန့် ရေစိမ်တာဖြစ်စေ ၊ ရေချိုးချလိုက်တာဖြစ်စေ လုပ်လိုက်ပါ။

ခြောက်သွေ့သွားအောင် သုပ်ပြီးတဲ့အခါမှာတော့ အသားအရေ မခြောက်သွေ့သွားအောင် အစိုဓာတ်ထိန်း ခရင်မ်လေး လိမ်းပေးနိုင်ပါတယ်။

 

#sawetawsein #စွယ်တော်စိမ်း

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...