တိရစ္ဆာန်လေးတွေနဲ့ စကားပြောသူတွေဟာ ပိုပြီး ဥာဏ်ကောင်းစေနိုင်…


တခါတလေ ခွေးချစ်သူတွေ ကြောင်ချစ်သူတွေကို ကြည့်လိုက်ရင် သူတို့ခွေးလေးတွေ ကြောင်လေးတွေနဲ့ ပျော်ပျော်ရွှင်ရွှင်စကားပြောနေတာမျိုး၊ ဆူနေတာမျိုး မြင်ဖူး ကြားဖူးကြမှာပါ။  ဘေးကနေ မြင်ရတဲ့သူတချို့အတွက်ကတော့ ဒါ ရူးကြောင်ကြောင်နိုင်တယ်လို့ ခံစားရမှာပေါ့။ ဒါပေမယ့် သိပံပညာရှင်တွေကတော့ ဒီလူတွေက သာမန်ထက်ပိုပြိး ဥာဏ်ကောင်းကြပါသတဲ့။
ဒီထဲက တိချစ်သူတွေလည်း ကိုယ့်ခွေးလေး ကြောင်လေးကို သူ့ဘက်ကနားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ တကြိမ်တခါတော့ စကားတွေပြောဖူးကြမယ်ထင်ပါရဲ့။



ဒီလိုမျိုး သူတို့လေးတွေနဲ့ စကားပြောလိုက်တဲ့အချိန်မှာ ကိုယ့်နှလုံးသားနဲ့ လူသားမဟုတ်တဲ့ သူတို့နှလုံးသား အချိတ်အဆက်လေးကို ကိုယ်တိုင်တောင် မသိဘဲ ဖန်တီးလိုက်ပြီးသားပါ။ အဲဒီလိုအချိန်မျိုးမှာ သူတို့ဟာလည်း ကိုယ်တွေလို သက်ရှိ လူသားတွေလို့ပဲ ထင်မြင်မိလာမယ်..။
တိချစ်သူတွေအနေနဲ့တော့ ဒီလို ခွေးလေးကြောင်လေးတွေနဲ့ စကားပြောကြတာ မြင်ရင် အထူးအဆန်းတော့မဟုတ်ပေမယ့် တခြားလူတွေကတော့ ကလေးတွေစကားပြောရင် ချစ်စရာလေးလို့မြင်သလို လူကြီးတွေစကားပြောရင် ရူးကြောင်ကြောင်နိုင်တယ်လို့ မြင်မိတက်ကြတယ်။
ဒါပေမယ့် University of Chicago က Behavioral Science ပါမ္ခောတဦးဖြစ်တဲ့ နီကိုလပ်စ် ကတော့ “တိရစ္ဆာန်လေးတွေ၊ သက်မဲ့အရာဝထ္တုလေးတွေနဲ့ စကားပြောခြင်းက ဥာဏ်ထက်မြတ်ခြင်းရဲ့ သင်္ကေတတခုပါ။ လူသားဆိုတာ တယောက်နဲ့တယောက် အမှီသဟဲ ပြုပြီးနေရတဲ့သတ္တ၀ါဖြစ်တာကြောင့် လူတွေရဲ့ ဦးနှောက်က နေရာတိုင်းမှာ မျက်နှာတွေ စိတ်တွေကို ဖတ်ရတာများပါတယ်။ တစုံတခုကို လူတွေက ပိုပြီး နှစ်သက်မြတ်နိုးတဲ့အခါ အဲဒီတစုံတခုဟာ အသက်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အဲဒီအရာဝထ္တုနဲ့ပိုပြီး နီးကပ်ပတ်သက်ချင်နေကြတယ်။ ဒါကပဲ လူသားတွေကို ဒီကမ္ဘာမှာ ထူးခြားတဲ့သူတွေဖြစ်စေတာ” ဆိုပြီးရှင်းပြထားပါတယ်။


အဲဒါကြောင့် တစုံတယောက်၊ တစုံတခုနဲ့ပိုပြီး နက်နက်နဲနဲ ဆက်ဆံလေ ၊ အရောတ၀င်ဖြစ်လေ သူတို့ စိတ်ကို ပိုပြီး ဖတ်နိုင်လေ… လူတွေဟာပိုပြီး ဥာဏ်ကောင်းလာလေပါပဲ လို့ သူက ယုံကြည်ထားပါတယ်။

#sawetawsein #စွယ်တော်စိမ်း

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...