ဘယ်လိုအခြေအနေမှာ အလုပ်ထွက်မလဲ
လုပ်ငန်းခွင်ထဲမှာ
မပျော်တော့ဘူးလား…။ ဒါဆို ဒီအလုပ်ကနေ ထွက်ဖို့ အချိန်တန်ပြီ ဖြစ်ရင်ဖြစ်မှာပေါ့။ ဒါပေမယ့် ကိုယ့်အနေနဲ့ လုပ်ငန်းခွင်ထဲမှာ မပျော်တော့ဘူးဆိုတာကို
ဘယ်လိုသိနိုင်မလဲ…။ ဒီအကြောင်းပြချက်လေးတွေကြည့်လိုက်ကြရအောင်နော်။
သူဌေးက မကြာခဏ
အလုပ်ဖြုတ်တက်တယ်
ခံစားချက်က
ကိုယ်ဘယ်လောက် ကောင်းအောင်လုပ်လုပ် ကိုယ့်အလှည့်ဘယ်တော့ရောက်လာမလဲဆိုတဲ့ ခံစားချက်ကြီးနဲ့
မတင်မကျလုပ်နေရတာမျိုးပေါ့။
စိတ်ကြီးဝင်နေတဲ့
ပတ်ဝန်းကျင်
ဘာပဲလုပ်လုပ်
သူသိပါတယ်၊ သူတက်ပါတယ်ဆိုပြီး စိတ်ကြီးဝင်နေတဲ့သူနဲ့ လုပ်နေရတဲ့အခါ စိတ်ပျက်စရာ ကောင်းလာပါရော။
ရုံးခန်းက
သက်သောင့်သက်သာမဖြစ်ဘူး
သက်သောင့်သက်သာဖြစ်တယ်ဆိုတာ
အနားယူချင်စရာကောင်းတဲ့ သဘောမဟုတ်ပါဘူး။ လုပ်ငန်းခွင်က အနားယူစရာမှမဟုတ်တာ။ ဒါပေမယ့်
ကိုယ်ဘာလုပ်လုပ် ကိုယ့်အတွက် နေရာမရတဲ့ နေရာ၊ ကိုယ့်နာမည်၊ ကိုယ့်လုပ်အားကို အသုံးချခံသွားရတဲ့
သက်သောင့်သက်သာမဖြစ်တဲ့နေရာမျိုးပေါ့။
အဆက်သွယ်ပြတ်နေကြတယ်
တရုံးတည်း၊
ဘေးချင်းကပ်လုပ်သာလုပ်နေကြတယ်။ ဒါပေမယ့် သူဘာလုပ်တယ် ကိုယ်ဘာလုပ်တယ်ဆိုတာ မသိရ…။ ပြဿနာဖြစ်တော့မှ
ဟိုလူ့လွှဲချ သည်လူ့လွှဲချနဲ့ တယောက်နဲ့ တယောက် အဆက်အစပ်ပြတ်နေတဲ့နေရာမျိုးပေါ့။
တိုးတက်ဖို့လမ်းမမြင်
ဘယ်လောက်ကြိုးစားပေမယ့်
ကိုယ့်အတွက် ရာထူး၊ လုပ်ပိင်ခွင့်၊ တိုးတက်ရာ တိုးတက်ကြောင်းတွေ မရတော့တဲ့နေရာ…။
တယောက်နဲ့
တယောက်မုန်းတီးနေကြတယ်
ကိုယ်တိုးတက်သွားတာလည်း
မနာလို... ကိုယ်ကောင်းစားသွားတာလည်းမနာလို။ သူကိုယ်တိုင်လည်းသေချာမလုပ်။ သူလုပ်တာတခုက
ကိုယ့်ကို ခြေထိုးခံတာ တခုတည်း။ ဒီလိုနေရာမှာ ဘယ်သူက တာရှည်နေချင်ပါ့မလဲ…။
အဏ ခဏအမည်းခံရတယ်
ဖြစ်တက်ပါတယ်။
ပြဿနာက ကိုယ်နဲ့လည်းမဆိုင် သူများကို ပြောလို့မရလို့ ကိုယ့်ကို သည်းသည်းမည်းမည်း လာပြောနေတဲ့သူတွေပေါ့။
ကိုယ်တိုင်က အပြစ်မရှိတာ သိထားပေမယ့် ဒီလိုအလုပ်ခံရတာများလာတော့ မသိစိတ်ထဲ ကျီးလန့်စာစားပေါ့။
ပြည့်ပြည့်၀၀
ကျေနပ်စိတ်ဘယ်တော့မှမရ
လုပ်တာတော့
ကိုယ့်ဘက်က အားသွန်ခွန်စိုက်လုပ်ပေးတယ်။ ဒါပေမယ့် လုပ်ပေးသလောက် အသိအမှတ်ပြုခံရဖို့မပြောနဲ့။
စိတ်ကျေနပ်မှုလေးတောင်တစက်မှမရဘူး…။
ဒီလိုနေရာတွေမှာ
လုပ်နေရပြီ ဆိုရင်တော့ အလုပ်ထွက်ဖို့ အချိန်ရောက်ပါပြီ။
#sawetawsein
#စွယ်တော်စိမ်း #relationships
Comments
Post a Comment