အနိုင်ကျင့်ခံရခြင်းကြောင့် ဦးနှောက်အရွယ်အစား သေးငယ်သွားနိုင်
လေ့လာတွေ့ရှိချက်တခုအရ အနိုင်ကျင့်ခံရခြင်းက ဦးနှောက်အရွယ်အစားကိုသေးငယ်သွားစေပြီး
စိုးရိမ်ပူပန် သောကကို မြင့်တက်စေပါတယ်တဲ့။
အနိုင်ကျင့်ခံရသူတွေနဲ့ အနိုင်ကျင့်မခံရသူတွေကို လေ့လာကြည့်တဲ့ အခါ ဦးနှောက်အရွယ်အစား
အပြောင်းအလဲဖြစ်သွားခြင်းက သူတို့ရဲ့ ပထမဆုံးလေ့လာတွေ့ရှိချက်ဖြစ်ကြောင်း ပြောပြထားပါတယ်။
ဆက်လက်ပြီး ဒီလိုအပြောင်းအလဲတွေကြောင့် လူတယောက်ဟာ သူ့ရဲ့ ခံစားချက်ပိုင်းဆိုင်ရာ၊
တက်ကြွလှုပ်ရှားစိတ်၊ သင်ယူလိုစိတ်၊ အာရုံစူးစိုက် စိတ်တွေကို ထိခိုက်မှုရှိလာစေပါတယ်။
အမေရိကန်မှာတော့ ကလေး ၅ ဦးမှာ တဦးဟာ အနိုင်ကျင့်ခံနေရပါတယ်။
UK ကလေ့လာတွေ့ရှိချက်အရတော့ကလေး ၁၀ ဦးမှာ တဦးဟာ နေ့စဉ်နဲ့အမျှ အနိုင်ကျင့်ခံနေကြရပါတယ်။
King’s College London က စိတ်ပညာရှင်တွေက
ဒီသုတေသန ပြုချက်ကို ဥရောပတိုက်တလွှား လူငယ်ပေါင်း
၆၈၂ ဦးရဲ့ ဦးနှောက်ကို scan ဖတ်ပြီး လေ့လာခဲ့ကြတာပါ။ Dr. Erin ဦးဆောင်တဲ့အဖွဲ့ဟာ
အသက် ၁၄ နှစ်မှ ၁၉ နှစ်ကြား ကလေးတွေကို မေးခွန်းများစွာမေးပြီး သူတို့ စိတ်ကျန်းမာရေးအခြေအနေကို
လေ့လာဆန်းစစ်ကြည့်ခဲ့ပါတယ်။
ဒီအနိုင်ကျင့်ခံရခြင်းက ဦးနှောက်အရွယ်အစားကို သေးငယ်သွားစေပြီး အသက် ၁၉နှစ်မှာ
စိတ်ပူပန်မှုသောကတွေ ပိုတိုးစေတယ်လို့ ဖော်ပြထားပါတယ်။
အဲဒါကြောင့် အာဏာပိုင်တွေက ၂ ကြိမ်၊ ၃ ကြိမ် မက အနိင်ကျင့်ခံရသူတွေဟာစိတ်ပူပန်မှု
ဝေဒနာတိုးစေတယ်ဆိုပြီး ကာကွယ်ခြင်းက အရေးကြီးကြောင်း ထုတ်ပြန်ထားပါတယ်။
သိပ်မကြာခင် လေ့လာတွေ့ရှိချက်အရတော့ အနိုင်ကျင့်ခံရခြင်းနဲ့ ကလေးဘ၀မှာ
စိတ်ကျဝေဒနာ၊ ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံစည်မှုဖြစ်နိုင်ချေတွေဟာ
ဆက်စပ်ချက်ရှိကြောင်းလေ့လာတွေ့ရှိထားပါတယ်။
#sawetawsein #စွယ်တော်စိမ်း
Comments
Post a Comment