သူ့အပေါ် ဒီလိုတွေခံစားနေရပြီလား….




အချစ်စစ်…။ အချစ်စစ်ဆိုတာ ရုတ်တရက်ကြီးပေါ်လာပြီး ခံစားလို့ရတဲ့အရာမှ မဟုတ်တာ။ တော်တော်များများ မှားနေလေ့ရှိတာက တစုံတယောက်ကို တွေ့ဆုံလိုက်တဲ့အချိန် ရင်ထဲက ပေါ်လာတဲ့ တလှပ်လှပ်ခံစားချက်မျိုးကို အချစ်စစ်လို့ထင်နေတက်ကြတယ်။ ဒီခံစားချက်က တကယ်တော့ ကြာရှည်မခံတဲ့ စွဲလမ်းမှုမျိုးလေးပါ။ လူတယောက်နဲ့တယောက်က ဒီစွဲလမ်းတဲ့အဆင့်မှာ တယောက်နဲ့ တယောက် သိအောင်ကြိုးစားကြမယ်၊ တယောက်နဲ့ တယောက် အချိန်တွေကို ပိုပြီးမြှုပ်နှံကြမယ်။ ဒါပေမယ့် ဒီစွဲလမ်းမှုအချိန်က တိုတောင်းလွန်းတဲ့အခါ တယောက်နဲ့တယောက် ဆက်ဆံရေးကျဲတောက်သွားရပါတော့တယ်။

အဲဒီတော့ ကိုယ့်အနေနဲ့ အချစ်စစ်ကို ကြုံဆုံနေရပြီဆိုတာ ဘယ်လိုသိနိုင်မလဲ…။ အခုပြောပြမယ့် အချက်လေးတွေကို အခြေခံကြည့်ရအောင်…။



တယောက်ရဲ့ဖြစ်တည်မှုကို တယောက်သတိပြုမိမယ်

အဓိကပြောရမှာကတော့ ကိုယ့်အပေါ်စိတ်ဝင်တစားဖြစ်လာအောင်၊ အာရုံစူးစိုက်နေအောင် အထွေအထူးကြိုးစားနေစရာကို မလိုတာပါ။ ကိုယ့်ရဲ့ ပူပန်မှု၊ စိတ်ကူးယဉ်အိပ်မက်တွေ၊ ရည်မှန်းချက်တွေအကြောင်းပြောပြပေးဖို့၊ နားထောင်ပေးဖို့ တယောက်နဲ့ တယောက် အဆင်သင့်ရှိနေကြမယ်။ ပြီးတော့ ဒီလိုအချိန်မျိုးမှာဆို ဘ၀ကြီးက လိုက်လျောညီထွေကိုဖြစ်နေလိုက်တာဆိုတာ…။ ပြီးတော့ အတားအဆီးတွေနဲ့ ဘယ်လိုပဲ နှောင့်ယှက်ခံနေရပါစေ သူ့အတွက် အချိန်ဆိုတာ ကိုယ့်မှာအမြဲအဆင်သင့်ဖြစ်နေတယ်…။

လုံခြုံစိတ်ချရတဲ့ခံစားချက်

လုံခြုံစိတ်ချရတဲ့ ခံစားချက်ဆိုလို့ ငယ်ငယ်ကဆိုရင် ကိုယ့်အဖေ အမေ ဘေးနားမှာ ရှိနေတဲ့အချိန် ဘာကိုမှ မကြောက်ရတဲ့ခံစားချက်မျိုးပေါ့။ တရေးနိုး အိပ်မက်ဆိုးတွေကြောင့် လန့်နိုးတဲ့အချိန် ကိုယ့်ဘေးနားလေးမှာ ကိုယ့်အဖေ၊အမေရှိနေတာလေးတွေ့ပြီး စိတ်သက်သာရာရသွားတဲ့ ခံစားချက်လေးပေါ့။ သူနဲ့အတူရှိနေပြန်တော့လည်း ဘေးနားမှာ အတိုက်အခိုက်တွေ ဘယ်လောက်များနေပါစေ ကိုယ့်စိတ်က ဘာကိုမှ သတိမရဘဲ အေးချမ်းနေတာမျိုးလေးပေါ့။

တည်ငြိမ်မှုရှိနေပြီ

နောက်ထပ်ခံစားချက်တခုက သူကိုယ့်ကိုယ် ဘယ်တော့မှ မပစ်သွားဘူးလို့ စိတ်ထဲက ရဲရဲဝံ့ဝံ့ စိတ်ချထားတာမျိုး။ ပြီးတော့ ဘာပဲ ဖြစ်ဖြစ် စိတ်ချရတယ်ဆိုပြီး ကိုယ့်စိတ်ထဲ တည်ငြိမ်နေတဲ့ ခံစားချက်မျိုးပေါ့။

အဲဒီတော့ ကိုယ်ရော သူ့အပေါ် ဒီခံစားချက် ၃မျိုးနဲ့ ခံစားနေရပြီလား…။

#sawetawsein #စွယ်တော်စိမ်း

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...