Posts

Showing posts from January, 2019

ကိုယ်တိုင်ဝတ် ကိုယ်တိုင်မော်ဒယ်ထိုင် ကိုယ်တိုင်ရောင်း

Image
Click လေးတချက်ခေါက်လိုက်ရုံနဲ့ Shopping mall ထိ အချိန်ကုန်ခံသွားနေစရာမလိုတဲ့ခေတ်ရောက်နေပါပြီ နော်။ ဒါပေမယ့် Online ကနေဈေးဝယ်ရင်း ဓာတ်ပုံထဲက ပစ္စည်းနဲ့ အပြင်က ပစ္စည်းအရည်အသွေးမတူတာတွေ ကြုံတွေ့နေတာတွေလည်း ရှိတာကြောင့် “Expectation VS Reality” ဆိုပြီး memes တွေတောင် ထွက်လာသေးတာပဲ။ အဲဒါကြောင့် အွန်လိုင်းဈေးဝယ်သူတယောက်က သူမ မှာချင်တဲ့ ၀တ်စုံအတွက် အပြင်ပုံလေးအရင်ပြဖို့ ဈေးရောင်းသူကို တောင်းဆိုခဲ့ပါတယ်။ ဈေးသည်ကြီးကလည်း ပို့ပေးရှာပါတယ်။ အန်ဒရီယာ ဆိုတဲ့ အမျိုးသမီးဟာ AliExpress ကနေ သူ့ကပွဲမှာ ၀တ်ဖို့ စိတ်ကြိုက်တွေ့သွားတဲ့ ၀တ်စုံလေးကို   ဈေးရောင်းသူကို ပို့ပေးဖို့တောင်းဆိုလိုက်ပါတယ်။ အန်ဒရီယာမျှော်လင့်ထားတာကတော့ ဈေးသည်ကြီးက အရုပ်မမှာ ၀တ်စုံဝတ်ထားတာကို ရိုက်ပို့ပေးပါမယ်ပေါ့။ အန်ဒရီယာ မထင်မှတ်ထားမိလိုက်တာက တောက်ပပြောင်လက်ပြီး အရောင်သွေးလှပတဲ့ ၀တ်စုံကို အရုပ်မမှာ ၀တ်ဆင်ပေးမယ့်အစား ဈေးသည်ကြီးက ကိုယ်တိုင်ဝတ်၊ ဓာတ်ပုံရိုက်ပြီး ပို့ပေးလိုက်တာပါပဲ။ ၀တ်စုံက သူ့ဖာသာသူလည်း လှနေပါတယ်။ ဒါပေမယ့် အန်ဒ၇ီယာတယောက် ဒီပုံလေးတွေကို အွန်လိုင်းပေါ်တင် အရွှန်းဖောက်လိုက်ပြီးနောက်မှာတော့...

Hello Kitty collection ပေါင်း ၅၀၀၀ နဲ့ Guiness စံချိန်တင်လိုက်တဲ့ အဘိုး

Image
လူတိုင်းလူတိုင်းမှာ ၀ါသနာတခုကို တစိုက်မတ်မတ်လုပ်တက်တဲ့ သူငယ်ချင်းမျိုးရှိဖူးကြမှာပါ။ ဥပမာ မိတ်ကပ်တွေမျိုးစုံဝယ်တက်တဲ့ ၀ါသနာပါတဲ့သူငယ်ချင်း၊ နောက်ပြီး ဘယ်နေရာရောက်ရောက် အရုပ်လေးတွေ ၀ယ်ပြီးစုရတာ ၀ါသနာပါတဲ့ သူငယ်ချင်းမျိုး…။ အခုပြောပြမှာကတော့ Hello Kitty ရုပ်လေးတွေချည်း မျိုးစုံစုတက်သူတယောက်အကြောင်း။ Hello Kitty ရုပ်ေးလတွေစုတယ်လို့ ပြောလိုက်ရင် မိန်းကလေိးု့ ထင်ကြလိမ့်မယ်။ မှားသွားပါလိမ့်မယ်။ အခု Hello Kitty ရုပ်လေးတွေကို စုတဲ့သူက ဂျပန်က အဘိုးတယောက်ပါ။ ပို အဆင်ပြေသွားတာက Hello Kitty တို့ရဲ့မြေ ဂျပန်မှာဆိုတော့ သူ့အတွက်ပိုအဆင်ပြေသွားတာပေါ့။ အခုဆိုရင် အရုပ်လေးတွေစုလာတဲ့ ၃၅ နှစ်တာကာလအတွင်းမှာ Hello Kitty ပေါင်း ၅၀၀၀ နဲ့ Guiness စံချိန်တင်သွားပါပြီ။ သူ့မှာ ဘာတွေရှိလဲဆိုရင် Hello Kitty ရုပ်လေးတွေ၊ စာရေးကိရိယာ၊ လက်ကိုင်ပ၀ါ၊ နာရီ၊ မီးဖိုချောင်သုံးပစ္စည်းတောင် Hello Kitty ရုပ်လေးနဲ့။ ဆိုင်ကယ်စီးဦးထုပ်ပါ ပါသေး။ အမယ် နေတာတောင်မှ Hello Kitty ပန်းရောင် wallpaper ကပ်ထားတဲ့ အိမ်နဲ့။ ဘာကြောင့် Hello Kitty တွေကို စုလဲဆိုတော့ ကွန်ကျိ က “Hello Kitty လေးတွေရဲ့ သွင်ပြင်ကြောင့်ပါ။ ...

မြန်မာပြည်ရဲ့ ဂူဂူးလေးတဲ့...

Image
ခုတလော အွန်လိုင်းမှာ မြန်မာပြည်ရဲ့ ဂူဂူးလေးနဲ့တူတယ်ဆိုပြီး ခေတ်စားနေလို့ admin လည်းဝင်ကြည့်တာ... တကယ်တော့ တူတယ်ဆိုတာထက် နှစ်ယောက်စလုံးက အေးချမ်းပြီး ချစ်ဖို့ကောင်းတဲ့ Look လေး   Source : Celebrity Facebook

ဘယ်လိုအခြေအနေမှာ အလုပ်ထွက်မလဲ

Image
လုပ်ငန်းခွင်ထဲမှာ မပျော်တော့ဘူးလား…။ ဒါဆို ဒီအလုပ်ကနေ ထွက်ဖို့ အချိန်တန်ပြီ ဖြစ်ရင်ဖြစ်မှာပေါ့။   ဒါပေမယ့် ကိုယ့်အနေနဲ့ လုပ်ငန်းခွင်ထဲမှာ မပျော်တော့ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲ…။ ဒီအကြောင်းပြချက်လေးတွေကြည့်လိုက်ကြရအောင်နော်။ သူဌေးက မကြာခဏ အလုပ်ဖြုတ်တက်တယ် ခံစားချက်က ကိုယ်ဘယ်လောက် ကောင်းအောင်လုပ်လုပ် ကိုယ့်အလှည့်ဘယ်တော့ရောက်လာမလဲဆိုတဲ့ ခံစားချက်ကြီးနဲ့ မတင်မကျလုပ်နေရတာမျိုးပေါ့။ စိတ်ကြီးဝင်နေတဲ့ ပတ်ဝန်းကျင် ဘာပဲလုပ်လုပ် သူသိပါတယ်၊ သူတက်ပါတယ်ဆိုပြီး စိတ်ကြီးဝင်နေတဲ့သူနဲ့ လုပ်နေရတဲ့အခါ စိတ်ပျက်စရာ ကောင်းလာပါရော။ ရုံးခန်းက သက်သောင့်သက်သာမဖြစ်ဘူး သက်သောင့်သက်သာဖြစ်တယ်ဆိုတာ အနားယူချင်စရာကောင်းတဲ့ သဘောမဟုတ်ပါဘူး။ လုပ်ငန်းခွင်က အနားယူစရာမှမဟုတ်တာ။ ဒါပေမယ့် ကိုယ်ဘာလုပ်လုပ် ကိုယ့်အတွက် နေရာမရတဲ့ နေရာ၊ ကိုယ့်နာမည်၊ ကိုယ့်လုပ်အားကို အသုံးချခံသွားရတဲ့ သက်သောင့်သက်သာမဖြစ်တဲ့နေရာမျိုးပေါ့။ အဆက်သွယ်ပြတ်နေကြတယ် တရုံးတည်း၊ ဘေးချင်းကပ်လုပ်သာလုပ်နေကြတယ်။ ဒါပေမယ့် သူဘာလုပ်တယ် ကိုယ်ဘာလုပ်တယ်ဆိုတာ မသိရ…။ ပြဿနာဖြစ်တော့မှ ဟိုလူ့လွှဲချ သည်လူ့လွှဲချနဲ့ တယောက်နဲ့ တယောက...

ဆိတ်တွေဟာ ပြုံးနေသူတွေကို ပိုသဘောကျတက်တယ်

Image
“ရင်းနှီးမှုနဲ့ ငြိမ်းချမ်းရေးရဲ့ သင်္ကေတဖြစ်တဲ့ မင်းရဲ့အပြုံးကို ကမ္ဘာကြီးနဲ့အတူမျှဝေလိုက်ပါ။” တဲ့ ။ တကယ်တော့ ဒီစကားလေးက လူတွေအတွက်ချည်းသပ်သပ် မဟုတ်လောက်ဘူး။ လေ့လာတွေ့ရှိချက်တခုအရ ဆိတ်တွေဟာ လူတွေရဲ့ စိတ်ဆိုးမာန်ဆိုးမျက်နှာထက် ပြုံးနေတဲ့ မျက်နှာလေးကို ပိုပြီး သဘောကျတက်ပါသတဲ့။ ဒီလေ့လာတွေ့ရှိချက်ကို United Kingdom က Buttercups Sanctuary က ဆိတ်အကောင် ၂၀ ကို လေ့လာရင်း ထုတ်ပြန်ခဲ့တာပါ။ ဆိတ်တွေကို စိတ်ဆိုးနေတဲ့လူပုံနဲ့ ပြုံးနေတဲ့ လူမျက်နှာပုံကို ယှဉ်ပြီး ပြထားပါတယ်။ အချိန်တောင် သိပ်မပေးလိုက်ရပါဘူး။ ဆိတ်တွေဟာ စိတ်ဆိုးနေတဲ့ မျက်နှာကို လျစ်လျူရှုပြီး ပြုံးနေတဲ့ မျက်နှာပုံကို ဂရုတစိုက်ရှိမိနေကြပါတယ်တဲ့။ ဒီလေ့လာချက်အရဆိုရင် ဆိတ်တွေဟာလည်း လူသားတွေရဲ့ မျက်နှာသွင်ပြင်က အကြင်နာတရားကို အာရုံခံနိုင်တဲ့ သဘောပဲပေါ့။ ကဲ… ဟုတ်မဟုတ်ကတော့ ပိုသေချာချင်ရင် စွယ်တော်စိမ်းပရိသတ်ကြီးလည်း ဆိတ်ရှေ့မှာ ပြုံးပြကြည့်ပေါ့။ သူတို့ဘယ်လိုနေမလဲဆိုတာ…။ ခွေးလေး ကြောင်လေးတွေကတော့ လူတွေပြုံးနေရင် စိတ်ကောင်းဝင်နေမှန်းသိပြီး သူတို့လည်း ပျော်ရွှင်နေတက်ကြတယ်။ လူတွေမျက်နှာတည်ကြီးနဲ့ဆို သူတို့လည်း နည်းန...