Sunscreen နဲ့ ပတ်သက်ပြီး ကျူးလွန်မိနေတဲ့ အမှားတွေ
Beauty နဲ့ ပတ်သက်လာရင် အခုတလော မြင်တွေ့နေရတာက မိတ်ကပ်ဘယ်လို မြန်မြန်လိမ်းမလဲ…၊ Skin Care လုပ်ရင် မြန်မြန်ပြီးအောင် ဘယ်လိုလုပ်မလဲ စသဖြင့် အလျှင်အမြန်ပြီးစေမယ့် နည်းလမ်းတွေပေါ့။
တလောကတွေ့လိုက်မိတာ တခုက Suncreen ထဲကို Foundation တခါတည်း ရောထည့်ပြီးလိမ်းရင် ၂ခုစာကို တခါတည်း လုပ်လိုက်တာဖြစ်တဲ့အတွက် အချိန်ကုန်သက်သာစေမယ်တဲ့။
ဟုတ်ပါတယ်။ တကယ်လည်း အချိန်ကုန်သက်သာစေပါတယ်။ ဒါပေမယ့် ကိုယ်မမျှော်လင့်ထားမိတဲ့ အကျိုးဆက်တွေလည်း ရှိနေပါသေးတယ်။
ဖော်မြူလာကို ပျက်စီးစေတယ်
ဒီလို Sunscreen နဲ့ မိတ်ကပ် ဒါမှမဟုတ် Facial Oil ရောလိမ်းတာနဲ့ ပတ်သက်ပြီး Neutrogena နဲပ Aeeno ဖန်တီးသူ Naomi က
“Mineral Sunscreen မှာ အလင်းကို နေရောင်ခြည်က အလင်းကို ရောင်ပြန်ဟပ်စေတဲ့ Zinc Oxide ဒါမှမဟုတ် Titanium Dioxide အမှုန်လေးတွေပါဝင်ပါတယ်။ Non- mineral sunscreen မှာတော့ နေရောင်ခြည် အသားထဲ မထိုးဖောက်အောင် အရေပြားပေါ်ကနေ ကာကွယ်ပေးတဲ့ အလွှာအထပ်လေးပါဝင်ပါတယ်။ ဒီ Sunscreen ဖော်မြူလာတိုင်းက နေရောင်ခြည် ကာကွယ်နှုန်းထားကို လူ့အရေပြားပေါ်မှာ ဘယ်လိုခြောက်သွေ့သွားမယ်၊ ဘယ်လိုလိမ်းကြမယ်၊ နေရောင်ခြည်နဲ့ သူတို့ရဲ့ ကာကွယ်နိုင်စွမ်းတွေ တခါတည်း တွက်ချက် ပါဝင်ပြီးသားပါ။
ဒီလိုဖန်တီးပြီးသား ဖော်မြူလာကိုမှ အဆီထပ်ဖြည့်တာ၊ ဖောင်ဒေးရှင်းရောစပ်လိုက်တာမျိုးတွေက နေရောင်ကာလိမ်းဆေး အရေပြားပေါ်ပျံ့နှံ့၊ ခြောက်သွေ့နှုန်းကို အနှောင့်အယှက်ဖြစ်သွားစေပြီး နေရောင်ခြည်ကာကွယ်နိုင်စွမ်းကိုလည်း ထိခိုက်စေပါတော့တယ်။
တကယ်လို့ Sunscreen ကိုအရင်လိမ်းပြီး ခြောက်သွေ့သွားမှ မိတ်ကပ်ထပ်လိမ်းဖို့ကိုသာ အကြံပြုပါတယ်” ဆိုပြီး ပြောပြထားပါတယ်။
အဆင့်ဆင့်လိမ်းပါ
Coppertone ဖန်တီးသူ၊ Global Suncare Formulation Development ရဲ့ Senior Associate Director စတက်ဖန် ကတော့
“ Sunscreen နဲ့ makeup လိမ်းတဲ့ သာမန်ပုံစံကတော့ Sunscreen ကိုအရင်လိမ်း၊ ခြောက်သွေ့သွားမှ ပေါ်ကနေ ကြိုက်နှစ်သက်ရာလိမ်းဖို့ပေါ့။ ယေဘုယျအားဖြင့်ပြောရရင် ကောင်းကောင်းမွန်မွန်ဖွဲ့စည်းထားတဲ့ ဖော်မြူလာနဲ့ နေရောင်ကာလိမ်းဆေးတွေက လိမ်းပြီးတာနဲ့ တည်တည်ငြိမ်ငြိမ်နဲ့ ကာကွယ်ပေးတယ်။ အဲဒါကြောင့် အရင်ဆုံး SPF ပါတဲ့ အလွှာကိုအရင်လိမ်းပါ။ ပြီးမှ တခြားရာတွေလိမ်းပါ” ဆိုပြီး အကြံပြုထားပါတယ်။
Sunscreen ဆိုတာ အလှအပအတွက်သာမဟုတ်။ ကျန်းမာရေးနဲ့လည်းဆိုင်တယ်
Clarins ရဲ့ International Scientific Communication Director မာရီကတော့
“ Sunscreen ဆိုတာ သူ့ရဲ့ ကာကွယ်နိုင်မှုပြင်းအားကြောင့် တမျိုးတည်း လိမ်းရတဲ့အရာပါ။ သူ့ရဲ့ SPF ပြင်းအားကို စမ်းသပ်တဲ့အခါမှာလည်း ကျွန်မတို့ သူ့ချည်းသီးသန့်စမ်းသပ်တာ။ ပြီးတော့ သူ့ကို အသုံးပြုတဲ့ ပမာဏနဲ့လည်း ဆိုင်တယ်။ ခန္ဒာကိုယ်တခုလုံးအတွက်ဆိုရင် ဂေါက်သီးလုံး တလုံးစာလောက်လိုလိမ့်မယ်။
တကယ်လို့များ သူ့ကို တခြား Cream တွေ အဆီတွေနဲ့ တွဲသုံးလိုက်ပြီဆိုတာနဲ့ သူ့ ကာကွယ်နိုင်စွမ်းအား ကျသွားပြီပဲ။ ပြီးတော့ Sunscreen ဆိုတာ အလှအပအတွက်တင်မဟုတ်ဘူး။ ကျန်းမာရေးအတွက်ပါ အရေးကြီးတာ။ ကျွန်မတို့ ဓာတ်ခွဲခန်းတွေထဲမှာ စမ်းသပ်သလိုပဲ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အမြင့်ဆုံးဖြစ်နေစေဖို့လိုတာ” ဆိုပြီး အကြံပြုထားပါတယ်။
အသားအရေကို သက်သောင့်သက်သာဖြစ်အောင်လုပ်
Consonant Skincare တည်ထောင်သူ ဘီလ် ကတော့
“ Sunscreen ထဲ အဆီတွေ၊ serum တွေထည့်လိမ်းရတဲ့ရည်ရွယ်ချက်ကတော့ ဆေးဘက်ဆိုင်ရာ ရည်ရွယ်ချက်ထက် အသားအရေပေါ်လိမ်းလို့ ပိုကောင်းသွားစေတယ်ဆိုတဲ့ အဓိက ရည်ရွယ်ချက်ပါ။ အဲဒါကြောင့် ကျွန်တော်တို့ကတော့ လိမ်းမယ်ဆိုရင် အသားအရေကို သက်သောင့်သက်သာဖြစ်သွားအောင် အရင်လုပ်ဖို့ အကြံပြုချင်တယ်။ ပြီးမှ ကာကွယ်နိုင်စွမ်းကောင်းအောင် Sunscreen လေးလိမ်းပေါ့” လို့ အကြံပြုထားပါတယ်။
#sawetawsein #စွယ်တော်စိမ်း
Comments
Post a Comment