iPhone 4 လိုချင်လို့ ကျောက်ကပ်ရောင်းခဲ့တဲ့ ကောင်လေး သူရလိုက်တာက…




စက်ဘီးလေးလိုချင်တယ်၊ စကိတ်လေးလိုချင်တယ်၊ ဖိနပ်လှလှလေးလိုချင်တယ် ဆိုတဲ့ ခေတ်တွေကုန်သွားသလောက်ရှိပါပြီ။ အခုချိန် ဆယ်ကျော်သက်တွေ လူကြားထဲ ထင်ပေါ်ဖို့က နောက်ဆုံးပေါ် နည်းပညာမြင့် ပစ္စည်းကိုင်ကြရဖို့ပါ။

တော်တော်များများ ကြားဖူးကြမှာပေါ့။ “နောက်ဆုံးပေါ်ပစ္စည်းကိုင်ရဖို့အရေး ဘာရရလုပ်မယ်” ဆိုပြီဒ ဟာသနှောပြောကြတဲ့စကားတွေ။ ဒီလို အကြံက ရူးနှမ်းနှမ်းဖြစ်ပေယ့် ဆယ်ကျော်သက်ကောင်လေးတယောက်ကတော့ iPhone ၀ယ်ကိုင်ဖို့အတွက် သူ့ကျောက်ကပ်ကို ရောင်းချခဲ့ပါတယ်။

iPhone 4 စထွက်ချင်းအချိန်တုန်းက ရှောင်းဝမ် ရဲ့ အသက်က ၁၇ နှစ်ရှိနေပါပြီ။ အဲဒီအချိန်တုန်းကတော့ iPhone ကိုင်ဖို့ သူ့ရဲ့ ရည်ရွယ်ချက်တွေထဲကတခုပါ။ ဒီဖုန်းလေးကိုင်ထားရင် ကျောင်းမှာ popular ဖြစ်လိမ့်မယ်ပေါ့။ ဒါပေမယ့် ဆင်းရဲခြင်းက ပိုက်ဆံအတွက် အတားအဆီးတခုဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ရှောင်းဝမ်တယောက် ဒီလိုဈေးကြီးတဲ့ ပစ္စည်းကိုင်နိုင်ဖို့အတွက် နည်းလမ်းတခုကိုတွေ့ခဲ့ပါတယ်။
အဲဒီနည်းလမ်းကတော့ သူပိုင်ဆိုင်တဲ့ ကျောက်ကပ်ကို ရောင်းချဖို့ပါပဲ။

ကျောက်ကပ်ရောင်းချဖို့အတွက် သူရှာဖွေလေ့လာကြည့်တဲ့အခါမှာ ချန်ကျိုးမှာ ဆေးရုံတခုတွေ့သွားခဲ့ပါတယ်။ ပွဲစားရဲ့အပြောအရတော့ ကျောက်ကပ်တလုံးကို ယွမ် ၂၂၀၀၀ ( ဒေါ်လာ ၃၂၀၀ ) ပေးပါမယ်တဲ့။
ပြီးတော့ ခွဲစိတ်မှုကလည်း သာမန်သာဖြစ်ပြီး တပါတ်အကြာမှာ သာမန်အတိုင်းသွားလာလှုပ်ရှားနိုင်မှာပါတဲ့။

ဒီစကားကို ယုံစားမိတဲ့ ရှောင်းဝမ်တယောက် မိဘတွေတားမြစ်မှာသိလို့ တယောက်တည်း တိတ်တိတ်ကလေး ခွဲစိတ်မှုလုပ်ခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲသူတွေ့ခဲ့တဲ့ ဆေးရုံက တရားဝင်ဖွင့်ထားတာမဟုတ်ဘဲ မသန့်ရှင်းတဲ့ ပတ်ဝန်းကျင် ပစ္စည်းတွေနဲ့ ယာယီလုပ်ထားတဲ့သဘောပါ။ ရလာဒ်ကတော့ ကူးစက်ရောဂါဝင်လာပြီ သူ့ကျန်ရှိနေတဲ့ ကျောက်ကပ်ကိုပါ ရောဂါ ကူးစက်ပြီး အကြောသေသွားပါတော့တယ်။

အခုဆိုရင် ရှောင်းဝမ်တယောက် အသက် ၂၄ နှစ်ရှိပါပြီ။ ကျောက်ကပ်တလုံးကလည်း မကောင်းတော့တဲ့အတွက် လမ်းလည်းပြန်မလျှောက်နိုင်သေးပါဘူး။ ဒီလိုပြဿနာတွေကြုံ၊ ငွေကြေးကစ္စတွေကြုံ၊ ကျန်းမာရေးပြဿနာတွေကြုံတွေ့နေရတဲ့အထဲကမှ အဆိုးဆုံးကတော့ သူလိုချင်လို့ ကြိုးစားနေတဲ့ iPhone 4 လေး မ၀ယ်ကိုင်နိုင်သေးတာပါပဲ။

#sawetawsein #စွယ်တော်စိမ်း

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...