ထူးထူးခြားခြား နှစ်သစ်ကို ကြိုဆိုကြသူတွေ



ကဲ နှစ်သစ်ကူးဖို့လည်း နီးလာပြီ။ တယောက်နဲ့ တယောက် ရည်မှန်းချက်ကိုယ်စီ၊ စိတ်ကူးကိုယ်စီနဲ့ နှဏ်သစ်ကူးတော့မယ်။ ရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေမတူပေမယ့် နှစ်သစ်ကူးညကျရင် မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ကြမယ်။ မီးရှူး မီးပန်းတွေဖောက်ကြမယ်။ ညသန်းခေါင်မှာ Countdown ရေကြမယ်။ ဒီလိုလေးတွေပေါ့။
ဒါပေမယ့် နှစ်သစ်ကူးကို ထူးထူးခြားခြား ကူးကြတဲ့နိုင်ငံလေးတွေအကြောင်း မသိချင်ကြဘူးလား။



ဒိန်းမတ်နိုင်ငံ

ဒိန်းမတ်နဲ့ ဥရောပနိုင်ငံအချို့ရဲ့ နှစ်သစ်ကူးအလေ့အထကတော့ အိမ်နီးချင်း၊ မိတ်ဆွေ အိမ်ရှေ့မှာ ပန်းကန်ပြားတွေကို ပစ်ခွဲတာပါ။ အိမ်ရှေ့မှာ ပန်းကန်ပြားများများခွဲနိုင်လေ နှစ်သစ်အတွက် ကောင်းချီးများများ ပိုရလေတဲ့။ အဲဒီတော့ ကိုယ့်မကျေနပ်တဲ့ ဒေါသတွေဖြေဖို့ အခွင့်အရေးတခုဖြစ်မနေဘူးလား။

ပီရူး
ပီရူးနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ခုစ်ြလာတဲ့ Takanakuy ပွတြော်ကတော့ ဒီဇင်ဘာလကုန်လောက်မှာ ကျင်းပတာဖြစ်ပြီး ရွာသားတွေဟာ အတိတ်က ကတယောက်နဲ့တယောက် အဆင်မပြေမှုရှိခဲ့တာတွေကို သင်ပုန်းခြေပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အစပြုဖို့ တယောက်နဲ့ တယောက် လက်သီးနဲ့ ထိုးကြပါသတဲ့။ ဒါ ကိုယ့်ဘေးအိမ်ကလူကို ထိုးပစ်ဖို့ အကြေင်းပြချက်ကောင်းတခုမဟုတ်လား။

ဂျပန်
နှစ်သစ်မှာတော့ ဂျပန်နိုင်ငံက ဘုရားကျောင်းတွေအားလုံးမှာ ခေါင်းလောင်း ၁၀၈ ကြိမ်တီးပါတယ်။ ဒီလိုပြုလုပ်ခြင်းက စိတ်ဝိဥာဏ်ကို သန့်စင်ပေးပီးကံကောင်းခြင်းတွေ ယူဆောင်လာတယ်လို့ ယုံကြည်ထားကြပါတယ်။ ဒါပြီးသွားတဲ့အခါမှာတာ့ ဆုတောင်းဝတ်ပြုဖို့ ဘုရားကျောင်းတက်ကြပါတယ်။ ဒီလိုအချိန်မှာ လူတွေများပြားလွန်းတဲ့အတွက် အချိန်အကြာကြီး စောင့်ရပြီး တခါတလေ တနေကုန်တောင် ကြာတက်ပါတယ်။


တောင်အမေရိက

တောင်အမေရိက နိုင်ငံအချို့မှာတော့ နှစ်သစ်အတွက် ကိုယ်လိုချင်တဲ့ ဆုလာဘ်ပေါ်မူတည်ပြီး အတွင်းခံအရောင်အလိုက် ၀တ်ကြပါသတဲ့။ သူတို့ဝတ်လေ့ရှိတာကတော့ ချစ်ခြင်းတရားအတွက် အနီရောင် အတွင်းခံ၊ ချမ်းသာကြွယ်ဝမှုအတွက် ရွှေရောင် ၊ အ၀ါရောင်၊ ငြိမ်းချမ်းရေးအတွက် အဖြူရောင်အတွင်းခံ စသဖြင့် ၀တ်ဆင်ပြီး နှစ်သစ်ကို ကြိုဆိုလေ့ရှိကြပါတယ်။

စပိန်၊ ဖိလစ်ပိုင်

စပိန်နိုင်ငံမှာတော့ နှစ်သစ်မှ ကံကောင်းနေစေဖို့ နှစ်သစ်ကူး ညသန်းခေါင်အချိန်မှာ စပျစ်သီး ၁၂လုံး ငုံထားကြပါတယ်။ ဖိလစ်ပိုင်မှာတော့ နှစ်သစ်ကို ကံကောင်းခြင်းတွေနဲ့ ကြိုဆိုဖို့အတွက် အမျိုးသမီးတွေက သစ်သီး ၁၂ မျိုးပြင်ဆင်ကြပါတယ်။

ရုရှား

ရုရှားမှာတော့ ည ၁၂နာရီအချိန်မှာ ကိုယ်နှစ်သစ်အတွက် ဖြစ်ချင်တဲ့ စိတ်ကူးတွေကို စာရွက်ပေါ်ရေးပြီး မီးရှို့လို့ရလာတဲ့ ပြာတွေကို အရက်ထဲ ထည့်သောက်ပြီး နှစ်သစ်ကို ကြိုဆိုကြပါတယ်။ အဓိပာယ်ကတော့ ကိုယ့်ဆန္ဒတွေ ပြည့်မြောက်လာပါမယ်ပေါ့။


အီကွေဒေါ
 အီကွေဒေါမှာတော့ စာခြောက်ရုပ်ကို မီးရှို့ဖျက်ဆီးခြင်း၊ ဓာတ်ပုံအဟောင်းတွေကို မီးရှို့ဖျက်ဆီးခြင်းနဲ့ မကောင်းတဲ့ အမှတ်တရတွေကို ဖျေဖျက်လိုက်ကြပြီး ကံကောင်းခြင်း၊ ကြီးပွားခြင်းတွေနဲ့ နှစ်သစ်ကို ကြိုဆိုကြပါတယ်။


ဒိန်းမက်၊ ဖိလစ်ပိုင်

ဒိန်းမတ်ရဲ့ နောက်ထပ် ဓလေ့တခုကတော့ ကံကောင်းခြင်းအတွက် နှစ်သစ်ကူးည ၁၂ နာရီတိတိအချိန်မှာ ကိုယ့်အနီးနားက စားပွဲ၊ ကုလားထိုင်ပေါ်တက်ပြီး  မြင့်နိုင်သလောက် မြင့်အောင် ခုန်ကြပါသတဲ့။ ဖိလစ်ပိုင်နိုင်ငံမှာလည်း နှစ်သစ်ကူးညမှ ၁၂ ကြိမ် ခုန်တဲ့အလေ့ရှိပါတယ်။

ဘိုလီးဗီးယား

ဘိုလီးဗီးယားမှာတော့ နှစ်သစ်ကူး ဓလေ့တခုအနေနဲ့ ကိတ်မုန့်ထဲကို အကြွေစေ့ထည့်ပြီး ဖုတ်လိုက်ပါတယ်။ ဒီကိတ်ကို အိမ်နီးချင်းတွေကို လက်ဆောင်ပေးတဲ့အခါ အကြွေစေ့ပါတဲ့ ကိတ်မုန့်ရရှိသူက နှစ်သစ်အတွက် ကံအကောင်းဆုံးလို့ အဆိုရှိကြပါသတဲ့။

ကိုလံဘီယာ

နှစ်သစ်ကူးနေ့မှာ ခရီးဆောင်အိတ်တလုံးကိုင်ပြီး လျှောက်သွားနေခြင်းက နှစ်သစ်မှာ ခရီးများများထွက်ရစေပါတယ်တဲ့။

ချီလီ
ဘယ်သူမှတော့ နှစ်သစ်ကူး ပျော်ရွှင်နေတဲ့အချိန်ကြီး သချိင်္ုင်းမှာ မကုန်ဆုံးချင်ကြတာ သေချာပါတယ်။ ဒါပေမယ့် ချီလီမှာတော့ သေဆုံးသွားသူတွေို့ မမေ့ပါဘူးဆိုတဲ့ ရည်ရွယ်ချက်နဲ့ နှစ်သစ်ကူးတဲ့ ညနေခင်းမှာ သချိုင်္င်းမှာ အချိန်ကုန်ဆုံးကြပါတယ်။

အိုင်ရီလန်

အိုင်းရစ်လူမျိုးတွေကတော့ နှစ်သစ်မှာ မကောင်းတဲ့ ၀ိဥာဏ်တွေ ထွက်သွားစေဖို့ ပေါင်မုန့်နဲ့ အိမ်ကို ရိုက်လေ့ရှိပါတယ်။

ဘဲလ်ဂျမ် ၊ ရိုမဲနီး(ယား)

နှစ်သစ်မှာ နို့နဲ့ အသား ပေါများကြွယ်ဝဖို့အတွက် ဘဲလ်ဂျမ်နဲ့ ရိုမဲနီး(ယား) က လယ်သမားတွေကတော့ သူတို့နွားတွေကို “ပျော်ရွှင်စရာနှစ်သစ်ဖြစ်ပါစေ” ဆိုပြီး တိုးတိုးလေးနှုတ်ဆက်ကြပါတယ်တဲ့။
#sawetawsein #စွယ်တော်စိမ်း

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...