နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ကြမယ်
အဆိပ်အတောက်ဖြစ်နေတဲ့
ဆက်ဆံရေး…။ ဒီလိုအခြေအနေတွေနဲ့ ပိတ်မိနေတာ လူတိုင်းကြုံဖူးကြမှာပါ။ အဆိုးဆုံးကတော့
ဒီဆက်ဆံရေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို သတ်ပစ်လိုက်သလိုဖြစ်စေတယ်။ ကိုယ့်ရဲ့
ယုံကြည်မှုတွေကို ဖျက်ဆီးလိုက်သလိုဖြစ်စေတယ်။ တကယ်လိုများ လုံးဝ မရုန်းကန်ဘဲ ဆက်လွှတ်ထားမယ်ဆိုလို့ကတော့
ကိုယ့်ဘ၀ တက်လမ်းတွေကိုပါ ခြိမ်းခြောက်ပြီး ကိုယ့်အနောက်ကနေ အရိပ်လို တကောက်ကောက်လိုက်နေတော့မှာပါပဲ။
တကယ်လိုများ
ဒီလိုအခြေအနေတွေ ကြုံနေရပြီဆိုလို့ကတော့ ကိုယ့်မှာရှိသမျှ အင်အားနဲ့ အတက်နိုင်ဆုံး
ရုန်းထွက်ပစ်လိုက်ပါ။
“တခါတလေတော့လည်း
မဖြစ်နိုင်တာတွေကို မျှော်လင့်ပြီး ကိုယ့်ကိုယ်ကို အကျဉ်းချထားတာထက် ဒီအရာကို အဆုံးသတ်လိုက်ပြီး
အသစ်ကနေ ပြန်စတင်တာ ပိုတောင် ကောင်းနေပါသေးတယ်”
အဲဒီတော့
ဘယ်လိုအခြေနေတွေက ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ အခြေအနေတွေလဲ…။
နေ့စဉ်ဘ၀မှာ
ကိုယ့်ကို နှိမ့်ချ၊ နိမ့်ကျစေသူ
ဥပမာပြောရရင်
ကိုယ်ဘာလုပ်လုပ် အထင် အမြင်သေးတာ၊ အကောင်းမမြင်ပေးတာ၊ ကိုယ့်ကိုယ် အမှိုက်လိုဆက်ဆံတဲ့သူမျိုးပေါ့။
ဒီလိုလူမျိုးနဲ့သာ ရေရှည်ဆက်ဆံရလို့ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်တွေ ကိုယ့်မှာ
ဘာမှမကျန်တော့လောက်တဲ့အထိ ကျဆင်းသွားပြီပဲ။ ဒီလိုလူတွေအနားကနေ ရှောင်ခွာဖို့ ဘယ်တော့မှ
မနှေးကွေးပါနဲ့။
ကိုယ့်တန်ဖိုးကို
နိမ့်ကျစေတဲ့ လုပ်ငန်းခွင်
ကိုယ့်ကို
တန်ဖိုးမထားတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်နေရခြင်းကလည်း အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်မှာ
နေထိုင်နေရခြင်းပါပဲ။ တကယ်လို့များ ကိုယ်လုပ်နေတဲ့ လုပ်ငန်းခွင်မှာ ကိုယ့်ကိုယ် တန်ဖိုးမရှိတဲ့သူလို့
ယူဆထားတဲ့သူ တယောက်လောက်ရှိနေတယ်ဆိုရင်တောင်မှ ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော ဒီနေရာကို
စွန့်ခွာသွားလိုက်ပါ။ ဘယ်တော့မှ နောက်လှည့်မကြည့်ပါနဲ့။ ဒီလိုနေရာမျိုးဆိုတာ ကိုယ်ဘယ်လောက်ပဲ
ကြိုးစားကြိုးစား ကိုယ့်အပေါ်အကောင်းမြင်ပေးကြမှာမဟုတ်သလို အနေကြာလာတာနဲ့အမျှ ကိုယ်ပါ
အဆိုးမြင်စိတ်တွေ ၀န်းရံလာမှာပါ။
ကိုယ့်ကိုယ်ယုံကြည်မှုမရှိတဲ့
သူငယ်ချင်းတွေ
အသက်တွေတနှစ်ထက်တနှစ်ကြီးလာတာနဲ့အမျှ
ကိုယ်နဲ့ အကျင့်တူ၊ ၀ါသနာတူ၊ စိတ်ဝင်စားမှုတူညီတဲ့ သူငယ်ချင်းတွေကိုရွေးချယ်ပေါင်းသင်းကြတယ်။
ဒါပေမယ့် ဒီလို စိတ်တူကိုယ်တူ ပေါင်းခွင့်မရဘ အခြေအနေရ မိတ်ဆွေဖြစ်လာရတာတော့ ရှိကြမှာပေါ့။
ဒါပေမယ့် ဒီလိုအချိန်မှာ စ်ြလေ့ဖြစ်ထရှိတာတခုက ဒီလိုလူတွေဟာ ကိုယ့်ဘ၀အတွက် ဘာမှ ခွန်အားမဖြစ်စေဘဲ
ကိုယ့်ဘေးနားကနေ ရှောင်ဖယ်သွားလေ့ရှိကြတယ်။
ပြီးတော့
ဝါသနာမတူ၊ အကျင့်စရိုက်မတူ၊ နှလုံးသားလည်းမတူညီမှတော့ ကိုယ့်ရဲ့ စိတ်ကူးအိပ်မက်တွေကို
ဝိုင်းပြီး အားပေးဖို့မပြောနဲ့။ ကိုယ့်ထက်သာ မနာလို ဆိုတဲ့အတိုင်း တယောက်အောင်မြင်လာတဲ့အခါ
တယောက်က မနာလိုလာမယ်။ နောက်ကျောကို ဓားနဲ့ထိုးဖို့ ကြိုးစားမယ်။
ဒီလိုအခြေအနေမျိုးတွေ
မကြုံတွေ့ရစေဖို့ အခုချက်ခြင်းပဲရုန်းထွက်လိုက်ပါ။ ဒီလိုအခြေအနေမျိုး မကြုံတွေ့ရစေဖို့
ကိုယ့်ဘ၀၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလိုက်ပါ။
ဒီပတ်ဝန်းကျင်မှာ
သည်းခံနေပြီး ကိုယ့်စိတ်ဓာတ်နဲ့ ဘ၀အဆင့်အတန်းကို တဖြည်းဖြည်းနှိမ့်မချလိုက်ပါနဲ့။
#sawetawsein #စွယ်တော်စိမ်း
Comments
Post a Comment