ထောပတ်သီးလေးနဲ့ အသားအရေ ထိန်းသိမ်းကြမယ်…
ထောပတ်သီးတွေလည်း ပေါနေတော့ ထောပတ်သီးနဲ့ Skin Care ကြတာပေါ့။ ထောပတ်သီက ဘယ်လောက် စားကောင်းတယ်ဆိုတာ လူတိုင်းသိပြီးသားဖြစ်လို့ မပြောတော့ပါဘူး။ သူ့အထဲမှာပါတဲ့ ဗီတာမင် နဲ့ အာဟာရဓာတ်တွေက အသားအရေကို ဘယ်လိုအကျိုးပြုလဲဆိုတာလေး ပြောပြမယ်။
သဘာဝထောပတ်သီး Facial Mask
ရေနွေး၊ ပျားရည် လက်ဖက်စားဇွန်း ၂ ဇွန်း နဲ့မှည့်နေတဲ့ ထောပတ်သီး တခြမ်း လိုအပ်ပါလိမ့်မယ်။ ထောပတ်သီးအမှည့်ကို ဇွန်းနဲ့ ရေခပ်နွေးနွေးလေးထဲမှာ ကြေအောင်ချေပါ။ပြီးမှ ပျားရည်ထည့်ပြီး နှံ့အောင်မွှေပေးပါ။ ပြီးသွားရင်တော့ မျက်နှာပေါ် လိမ်းထားပြီး ၁၀ မိနစ်ခန့်အကြာမှာရေခပ်နွေးနွေးလေးနဲ့ ဆေးချပေးနိုင်ပါတယ်။ ဒါကတော့ အရေပြားကို သဘာဝအတိုင်း အစိုဓာတ်နဲ့ အာဟာရတွေဖြည့်ပေးတဲ့ Mask လေးပါ။
ထောပတ်သီး သီးစုံ Mask
ထောပတ်သီးမှည့် တခြမ်းကိုကြေအောင်ချေပြီး စတော်ဘယ်ရီသီးနဲ့ ပြန်ရောပါ။ ၂မျိုးလုံးနှံ့စပ်သွားမှ ငှက်ပျောသီးအမှည့်နဲ့ ကြေညက်သွားတဲ့အထိ ရောစပ်ပါ။ ပြီးရင် မျက်နှာအနှံ့ လိမ်းနိုင်ပါပြ။ အသားခြောက်၊ အသားပက်တဲ့နေရာတွေကို အထူး ဂရုစိုက်လိမ်းပေးပါ။မိနစ် ၂၀ လောက်အကြာမှ ရေပြန်ဆေးချလိုက်မယ်ဆိုရင် အသားလေးက နဂိုအတိုင်းပြန်လည်ဝင်းပလာတာကို သိသိသာသာခံစားရပါလိမ့်မယ်။
ထောပတ်သီး အုတ်ဂျုံ Mask
အုတ်ဂျုံကို ရေနွေးနဲ့ နူးအိသွားအောင် အပူပေးပါ။ ပြီးရင် ပြန်အအေးခံပါ။ပြီးမှ သံပုရာရည် အနည်းငယ်နဲ့ ကြေအောင်ချေထားတဲ့ ထောပတ်သီးမှည့် တ၀က်ကို ထည့်ပြီး သမအောင်မွှေပေးပါ။ ပြီးရင်တော့ မျက်နှာပေါ်ကို လက်ချောင်းလေးတွေနဲ့ စက်ဝိုင်းပုံစံ ခပ်ဖွဖွလေးပွတ်လိမ်းပေးပါ။ ၁၀ မိနစ်ခန့်အကြာ ရေဆေးချလိုက်တဲ့အခါမှာတော့ ၀င်းပတဲ့အသားအရေလေးကို ပိုင်ဆိုင်နိုင်ပါပြီ။ ဒီ Mask လေးကတော့ အသားအရေ ခြောက်သွေ့မွဲနေသူတွေအတွက် ပိုပြီး အဆင်ပြေပါတယ်။
ထောပတ်သီး ကြက်ဥ Mask
ကြက်ဥအကာနဲ့ သံပုရာရည်အနည်းငယ်ကို သမသွားတဲ့အထိ မွှေပေးပါ။ ပြီးမှ ချေထားတဲ့ ထောပတ်သီးအနှစ်နဲ့ပြန်ရောစပ်ပေးပါ။ မျက်နှာပေါ်လိမ်းထားပြီး ၁၅ မိနစ်လောက်ကြာမှ ရေပြန်ဆေးချလိုက်တဲ့အခါ ကလေးတယောက်လို နူးညံ့တဲ့ အသားအရေကို တဖန်ပြန်လည် ပိုင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
#sawetawsein #စွယ်တော်စိမ်း #beauty
Comments
Post a Comment