စိတ်ဓာတ်ကျနေလား… ဒါလေးစားကြည့်


မမျှော်လင့်ထားတဲ့ ဆုံးရှုံးမှု၊ အခက်အခဲတွေ၊ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လျော့ကျခြင်းတွေကြောင့် ဘ၀မှာ တကြိမ်တခါလောက်တော့ စိတ်ဓာတ်ကျရတာ သဘာဝ ကျပါတယ်။ ဒါပေမယ့် ပြင်းထန်တဲ့ ၀မ်းနည်းမှု၊ ကူရာကယ်ရာမဲ့မှုတွေက ကိုယ့်ဘ၀ရှေ့ဆက်ဖို့ အတားအဆီးတခုခုများဖြစ်နေပြီဆိုရင်တော့ ဒါ နာတာရှည် စိတ်ဖိစီးတာ၊ ဒါမှမဟုတ် စိတ်ကျဝေဒနာ စွဲကပ်နေတာဖြစ်လာပါပြီ။
စိတ်ကျဝေဒနာကြောင့် အအိပ်၊ အစား၊ အလုပ်တွေပျက်လာမယ်။ ကိုယ့်ရဲ့ခံစားချက်တွေ၊ အတွေးတွေ၊ ပတ်ဝန်းကျင်အပေါ် ကိုယ့်အမြင်တွေ ပြောင်းလဲလာမယ်။
ဒီလိုအခြေအနေမျိုးမှာ ကိုယ့်အတွက်သာမက မိသားစုအတွက်ပါ ခက်ခဲရပါတယ်။ အဲဒီတော့ စိတ်ကျဝေဒနာကို အစားအသောက်နဲ့ ဘယ်လိုကုစားကြမလဲ…။



လက်ဖက်ရည်ကြမ်း

၂၀၀၉ ခုနှစ် American Journal of Clinical Nutrition ရဲ့ လေ့လာမှုအရ လက်ဖက်ရည်ကြမ်ကို မကြာခဏ သောက်သုံးပေးခြင်းက သူ့မှာပါတဲ့ အင်တီအောက်ဆီဒင့်နဲ့ အမိုင်နိုအက်ဆစ်တွေကြောင့် အသက်ကြီးပိုင်းအရွယ်တွေမှာ ဖြစ်လေ့ရှိတဲ့ စိတ်ဖိစီးမှု ဝေဒနာ လက္ခနာတွေကို လျော့ကျစေပါတယ်တဲ့။ အဲဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် တနေ့ကို လက်ဖက်ရည်ကြမ်း ၃ -၄ ခွက် သောက်ဖို့ တိုက်တွန်းထားပါတယ်။

ဆာလ်မွန်ငါး

ဆာမွန်ငါးမှာပါတဲ့ Omega 3 Fatty Acid က စိတ်ကျဝေဒနာကို ခုခံကာကွယ်ပေးပါတယ်။ စိတ်ကျဝေဒနာရှိသူအများစုက Omega 3 Fatty Acid နည်းပါနေလေ့ရှိပါတယ်။ သူပ စိတ်ကျန်းမာရေးအတွက်သာ ကော်းတာမဟုတ်ပါဘူး။ သွေလည်ပါတ်မှုကောင်းစေပြီး နှလုံးရောဂါကိုလည်း ကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

အနက်ရောင်ချောကလက်

အနက်ရောင်ချောကလက်မှပါတဲ့ serotonin ကြောင့်လည်း စိတ်ဖိစီးမှုကို လျော့ကျစေပါတယ်။ပြီးတော့ သူက စိတ်ဖိစီးမှု ဟိုမုန်းတွေ ထုတ်လုပ်မှုကို နှေးကွေးစေတဲ့အတွက် စိတ်ပင်ပန်းခြင်းကိုလည်း ကာကွယ်ပြီးသားဖြစ်စေပါတယ်။ အဲဒါကြောင့် စိတ်ကျဝေဒနာကို ကာကွယ်ချင်တယ်ဆိုရင် အနက်ရောင်ချောကလက် တနေ့ကို တအောင်စနှုန်းစားပေးပါ။



Zinc, Protein ကြွယ်ဝတဲ့ ဥ ကို စားသုံးပေးခြင်းကလည်း ခန္ဒာကိုယ်က Zinc ဓာတ်ချို့တဲ့မှုကို ကာကွယ်ပေးနိုင်သလို စိတ်ကျဝေဒနာနဲ့ တခြားဆက်စပ်ရောဂါတွေကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဗီတာမင် ဒီ ပါဝင်တဲ့အတွက်ကြောင့်လည်းစိတ်ကျဝေဒနာကို ကာကွယ်ပေးလို တခါတည်း ကုသပေးပြီးသားလည်း ဖြစ်စေပါတယ်။

ငှက်ပျောသီး

စိတ်ကျဝေဒနာ ခံစားရတဲ့အချိန်တိုင်း ငှက်ပျောသီး ၁- ၂ လုံး စားပေးလိုက်ပါ။ ငှက်ပျောသီးမှာ စိတ်ကို တက်ကြွလန်းဆန်းစေတဲ့ tryptophan တွေပါဝင်ပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာပါတဲ့ Omega 3 Fatty Acid ကြောင့် စိတ်ကျဝေဒနာရှင်တွေ ရွေးချယ်စားသင့်တဲ့ အသီးတမျိုးပါ။သူ့မှာပါတဲ့ ပိုတက်ဆီယမ်ကစိတ်ကျန်းမာရေးအတွက်သာမက ဦးနှောက်လုပ်ဆောင်မှုအတွက်ပါ အကျိုးပြုပါတယ်။ ဒါတင်မက ထောပတ်သီးမှာပါတဲ့ monosaturated fat တွေက စိတ်ကို တိုးတက်စေပြီး စိတ်ကျဝေဒနာကို ကာကွယ်ပေးနိုင်ပါတယ်။ ထောပတ်သီးဖျော်သောက်တာဖြစ်စေ၊ အရွက်သုပ်ထဲမှာဖြစ်စ်စေ နေ့စဉ်ထည့်သွင်းစားသုံးနိုင်ပါတယ်။

ဟင်းနုနွယ်ရွက်

စိတ်ကျဝေဒနာနဲ့ ပတ်သက်လာရင် ဟင်းနုနွယ်ရွက်ကလည်း လျစ်လျူရှုထားလို့မရပါဘူး။ သူ့မှာပါဝင်တဲ့ Folic Acid, Magnesium, Zinc နဲ့ တခြားအာဟာရဓာတ်တွေက ဦးနှောက်ကျန်းမာရေးအတွက်သာမက စိတ်ကျဝေဒနာတွေကို တွန်းလှန်တိုက်ထုတ်ပေးနိုင်ပါတယ်။
#sawetawsein #စွယ်တော်စိမ်း #health

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...