ပျင်းတယ်ဆိုတာ ကောင်းသလား


လူတိုင်း ၂၄ နာရီ ရာနှုန်းပြည့် တက်ကြွပြီး ထုတ်လုပ်နိုင်စွမ်းတွေ ကောင်းမနေတာတော့ သေချာတယ်နော်။
Elon Musk တောင်မှ ဘာမှမလုပ်ဘဲ ကော်ဖီလေးသောက် ၊ ဒိုးနပ်လေး ထိုင်စားနေတဲ့ နေ့တွေတောင်ရှိသေးတာပဲ။
ဒီလိုပြောလို့ ပျင်းရိနေဖို့ ပြောတာတော့မဟုတ်ဘူးနော်။ လူတိုင်း တနေ့တနေ့မှာ ပျင်းရိနေတဲ့အချိန်လေးတွေရှိတာကို ပြောပြတာ။
တကယ်လို့ ကိုယ့်ကိုယ်ကိုယ် နေ့တိုင်းတက်ကြွပြီး အလုပ်တွေကို လန်းလန်းဆန်းဆန်းလုပ်နိုင်နေတယ်ပြောရင် ဒါ လိမ်တာပါ။
ကဲ ထားပါတော့။ ပျင်းရိခြင်းရဲ့ ကောင်းကျိုးတွေကို ကြည့်ကြည့်ရအောင်။




ဆင်ခြင်သုံးသပ်မိမယ်

ပျင်းရိခြင်းနဲ့ ပတ်သက်တဲ့ ဥပမာပြောကြစို့….။ ရေချိုးရင်း ၁၀ မိနစ်လောက် ဘာမှမလုပ်ပဲ ရေချိုးခန်းထဲ ငြိမ်ငြိမ်လေး နေနေမယ်။ ဒါ ပျင်းရိတာပါပဲ။ ထိုင်ခုံပေါ်မှာ ခြေထောက်ကို လေထဲထောင်မြှောက်ပြီး ဘာစာအုပ်မှမဖတ်ဘဲ နာရီဝက်လောက် ထိုင်နေမယ်။ ဒါလည်း ပျင်းရိတာပါပဲ။ အပြင်ထွက်ပြီး မုန့်ဝယ်စားမယ်။ ဒါပေမယ့် စားပြီးတာတောင် ဆိုင်မှာ အကြာကြီး ထိုင်ပြီး ငေးမောနေမယ်။ ဒါလည်း ပျင်းရိခြင်းတမျိုးပါပဲ။
ဒါပေမယ့် ဒီလိုဘာမှမလုပ်ဘဲ ငြိမ်ငြိမ်လေးနေတဲ့အချိန် ကိုယ့်အတွေးတွေ ဘယ်လောက်တောင် ရှင်းလင်းတည်ငြိမ်နေပြီး အေးချမ်းလိုက်သလဲ…။ ဘာကြောင့်လဲဆိုတော့ ကိုယ့်ရဲ့ ပျင်းရိနေတဲ့ အချိန်တိုလေးအတွင်းမှာ ကိုယ်ဟာ အကောင်းဆုံးတွေးနေလို့ပါ။ လူတွေအားလုံးကတော့ ဘ၀ရည်မှန်းချက်ပန်းတိုင်အတွက် နေ့စဉ်ကြိုးစားနေကြတာပဲ။ ဒါပေမယ့် ကိုယ်ဘာတွလုပ်နေတယ်၊ ဘာကြောင့်လုပ်နေရတယ်ဆိုတာကို စဉ်းစားဖို့ မေ့သလောက် ဖြစ်နေကြတာ။ အဲဒါကြောင့် ဒီလိုလေး ဘာမှမလုပ်ပဲ ငြိမ်ငြိမ်လေး စဉ်းစားနေခြင်းက ကိုယ့်ဘ၀က ဘာဆိုတာကို ပြန်သတိရလာမယ်။ နောက်ထပ်ခြေလှမ်းတလှမ်းစတင်ဖို့ ဘာတွေအပြောင်းအလဲလုပ်ဖို့ လိုအပ်သလဲဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိလာမယ်။

နက်နက်နဲနဲတွေးလာမယ်

စိတ်ထဲ နက်နက်နဲနဲတွေးနေတဲ့ အချိန်ဆိုတာ vodka တခွက်နဲ့ ဖုန်းကတလုံးကိုင်ပြီး အင်တာနက်သုံးနေရင်း Notification တွေတဒေါင်ဒေါင်မြည်နေတာလည်းမဟုတ်ပါဘူး။ ရှင်းလင်းတဲ့ အတွေးတွေဆိုတာ ပျင်းရိနေတဲ့ အချိန်မှ ပေါ်လာတာမျိုးပါ။ အဲဒီလိုအချိန်မှာ စိတ်က လွတ်လပ်ပေါ့ပါးနေပြီး စိတ်ထဲအလိုရှိရာ ဖန်တီးနေမယ်။ လက်ရှိပစ္စုပန်မှာလည်းမရှိနေသလို ပြဿနာတွေကို စဉ်းစားမနေဘူး။ စိတ်ထဲမှာ လွပ်လပ်ပြီး ဗလာဖြစ်နေမယ်။

ထုတ်လုပ်နိုင်စွမ်းတွေကြောင့် အလုပ်ကို အာရုံမစိုက်နိုင်တော့ဘူး

ပျင်းရိခြင်းရဲ့ ဆန့်ကျင်ဘက်က ထုတ်လုပ်နိုင်စွမ်းပါ။ တကယ်တော့ လူတွေဟာ အလုပ်တွေအရမ်းရှုပ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို နည်းပညာအကူအညီတွေကြောင့် ထုတ်လုပ်နိုင်စွမ်းတွေ အရမ်းကောင်းနေတယ်လို့ ထင်နေကြတာ။ တကယ်တော့ အဲဒါ ကိုယ့်ရဲ့ ထုတ်လုပ်နိုင်စွမ်းတွေ ကျလာတာပါ။ အဲဒီအချိန်မှာ ပတ်ဝန်းကျင်ရဲ့ အသံတွေ၊ အနှောင့် အယှက်တွေကြောင့် အလုပ်များများသာ လုပ်နေရပေမယ့် အလုပ်ပြီးလိုဇောနဲ့ စိတ်အနှောင့်အယှက်ဖြစ်ပြီး အလုပ်ကို အာရုံမစိုက်နိုင်တော့ဘူး။
ပျင်းရိနေချိန်မှာတော့ စိတ်က ပေါ့ပေါ့ပါးပါးဖြစ်နေမယ်။ ဒီလိုပေါ့ပါးတဲ့ စိတ်ကသာ ပိုအာရုံစိုက်နိုင်မယ်၊ ဖန်တီးနိုင်စွမ်း ပိုကောင်းမယ်၊ စိတ်ဝင်တစားနဲ့ အလုပ်ကို လေးလေးနက်နက်ခံစားနေရမယ်။
ဖိစီးနေတဲ့ စိတ်က ဘာပြီးရင် ဘာလုပ်ရမယ်ဆိုတဲ့ အလုပ်ပြီးလိုစိတ်ကိုပဲ အာရုံစိုက်နေတာဖြစ်ပြီး စိတ်မောစရာ ကောင်းလှပါတယ်။

                            
ပျင်းရိခြင်းကို အရေးကြီးတဲ့ နေရာအတွက် အသုံးချပြီး လုပ်စရာရှိတာလုပ်ပါ

ပျင်းရိခြင်းကို လက်နက်ခုအနေနဲ့ အသုံးချတာ ကောင်းပါတယ်။  ဒါပေမယ့် ဒီဆောင်းပါးကို ဖတ်ပြီး ပျင်းလို့ ဘာမှ လုပ်စရာမလိုဘူးလို့ တလွဲမတွေးလိုက်ပါနဲ့။ ပျင်းရိရတဲ့ အချိန်တွေပြီးရင် ကိုယ်လုပ်စရာရှိတာတွေ လုပ်ရဦးမှာပါ။ ဘာမှမလုပ်ပဲ ထိုင်ပျင်းနေလို့ကတော့ ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ လုပ်ဆောင်မှု တခုပါလာတဲ့ ပျင်းရိမှုကသာ ကိုယ့်အတွက် အကျိုးရှိစေမှာပါ။

အဲဒီတော့ ကိုယ်ဘာမှမလုပ်ချင်ပဲ ပျင်းရိလာတယ်လို့ ခံစားရရင် ကိုယ့်ကိုယ်ကိုယ် ဘာမှ စိတ်တို စိတ်ပျက်စရာမလိုတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ဒီပျင်းရိမှုရဲ့နောက်မှာ ကိုယ့်အတွက် အတွေးစလေးတခုပါလာမယ်။ ဒီအတွေးကနေ အလုပ်တခုဖြစ်လာမယ်။
အမြဲတမ်း တက်ကြွနေနိုင်တာမှမဟုတ်တာ။ အဲဒီတော့ ဘ၀မှာ တကြိမ်တခါမှ ပျင်းရိဖို့ မကြောက်ပါနဲ့။ ဒါကြောင့် ပျင်းရိခြင်းဆိုတာ တပါတ်မှာ တကြိမ်လောက်တော့ ကိုယ့် အချိန်စာရင်းထဲ ထည့်ထားရမယ့် အရာလို့ ဆိုပါရစေ။
#sawetawsein #စွယ်တော်စိမ်း

Comments

Popular posts from this blog

နားရွက်ထဲက ၀က်ခြံတွေ

ခွေးလေးတွေ စိတ်ဖိစီးနေတဲ့အခါ...