Posts

Showing posts from December, 2018

Sunscreen နဲ့ ပတ်သက်ပြီး ကျူးလွန်မိနေတဲ့ အမှားတွေ

Image
Beauty နဲ့ ပတ်သက်လာရင် အခုတလော မြင်တွေ့နေရတာက မိတ်ကပ်ဘယ်လို မြန်မြန်လိမ်းမလဲ…၊ Skin Care လုပ်ရင် မြန်မြန်ပြီးအောင် ဘယ်လိုလုပ်မလဲ စသဖြင့် အလျှင်အမြန်ပြီးစေမယ့် နည်းလမ်းတွေပေါ့။ တလောကတွေ့လိုက်မိတာ တခုက Suncreen ထဲကို Foundation တခါတည်း ရောထည့်ပြီးလိမ်းရင် ၂ခုစာကို တခါတည်း လုပ်လိုက်တာဖြစ်တဲ့အတွက် အချိန်ကုန်သက်သာစေမယ်တဲ့။ ဟုတ်ပါတယ်။ တကယ်လည်း အချိန်ကုန်သက်သာစေပါတယ်။ ဒါပေမယ့် ကိုယ်မမျှော်လင့်ထားမိတဲ့ အကျိုးဆက်တွေလည်း ရှိနေပါသေးတယ်။ ဖော်မြူလာကို ပျက်စီးစေတယ် ဒီလို Sunscreen နဲ့ မိတ်ကပ် ဒါမှမဟုတ် Facial Oil ရောလိမ်းတာနဲ့ ပတ်သက်ပြီး Neutrogena နဲပ Aeeno ဖန်တီးသူ Naomi က “Mineral Sunscreen မှာ အလင်းကို နေရောင်ခြည်က အလင်းကို ရောင်ပြန်ဟပ်စေတဲ့ Zinc Oxide ဒါမှမဟုတ် Titanium Dioxide အမှုန်လေးတွေပါဝင်ပါတယ်။ Non- mineral sunscreen မှာတော့ နေရောင်ခြည် အသားထဲ မထိုးဖောက်အောင် အရေပြားပေါ်ကနေ ကာကွယ်ပေးတဲ့ အလွှာအထပ်လေးပါဝင်ပါတယ်။ ဒီ Sunscreen ဖော်မြူလာတိုင်းက နေရောင်ခြည် ကာကွယ်နှုန်းထားကို လူ့အရေပြားပေါ်မှာ ဘယ်လိုခြောက်သွေ့သွားမယ်၊ ဘယ်လိုလိမ်းကြမယ်၊ နေရောင်ခြည်နဲ့ သူတို့ရဲ့ ကာကွယ်နိုင်စွမ်းတွေ တခ...

iPhone 4 လိုချင်လို့ ကျောက်ကပ်ရောင်းခဲ့တဲ့ ကောင်လေး သူရလိုက်တာက…

Image
စက်ဘီးလေးလိုချင်တယ်၊ စကိတ်လေးလိုချင်တယ်၊ ဖိနပ်လှလှလေးလိုချင်တယ် ဆိုတဲ့ ခေတ်တွေကုန်သွားသလောက်ရှိပါပြီ။ အခုချိန် ဆယ်ကျော်သက်တွေ လူကြားထဲ ထင်ပေါ်ဖို့က နောက်ဆုံးပေါ် နည်းပညာမြင့် ပစ္စည်းကိုင်ကြရဖို့ပါ။ တော်တော်များများ ကြားဖူးကြမှာပေါ့။ “နောက်ဆုံးပေါ်ပစ္စည်းကိုင်ရဖို့အရေး ဘာရရလုပ်မယ်” ဆိုပြီဒ ဟာသနှောပြောကြတဲ့စကားတွေ။ ဒီလို အကြံက ရူးနှမ်းနှမ်းဖြစ်ပေယ့် ဆယ်ကျော်သက်ကောင်လေးတယောက်ကတော့ iPhone ၀ယ်ကိုင်ဖို့အတွက် သူ့ကျောက်ကပ်ကို ရောင်းချခဲ့ပါတယ်။ iPhone 4 စထွက်ချင်းအချိန်တုန်းက ရှောင်းဝမ် ရဲ့ အသက်က ၁၇ နှစ်ရှိနေပါပြီ။ အဲဒီအချိန်တုန်းကတော့ iPhone ကိုင်ဖို့ သူ့ရဲ့ ရည်ရွယ်ချက်တွေထဲကတခုပါ။ ဒီဖုန်းလေးကိုင်ထားရင် ကျောင်းမှာ popular ဖြစ်လိမ့်မယ်ပေါ့။ ဒါပေမယ့် ဆင်းရဲခြင်းက ပိုက်ဆံအတွက် အတားအဆီးတခုဖြစ်နေခဲ့ပါတယ်။ ဒါပေမယ့် ရှောင်းဝမ်တယောက် ဒီလိုဈေးကြီးတဲ့ ပစ္စည်းကိုင်နိုင်ဖို့အတွက် နည်းလမ်းတခုကိုတွေ့ခဲ့ပါတယ်။ အဲဒီနည်းလမ်းကတော့ သူပိုင်ဆိုင်တဲ့ ကျောက်ကပ်ကို ရောင်းချဖို့ပါပဲ။ ကျောက်ကပ်ရောင်းချဖို့အတွက် သူရှာဖွေလေ့လာကြည့်တဲ့အခါမှာ ချန်ကျိုးမှာ ဆေးရုံတခုတွေ့သွားခဲ့ပါတယ်။ ပွဲစားရဲ့အပြောအရတော့ေ...

ထူးထူးခြားခြား နှစ်သစ်ကို ကြိုဆိုကြသူတွေ

Image
ကဲ နှစ်သစ်ကူးဖို့လည်း နီးလာပြီ။ တယောက်နဲ့ တယောက် ရည်မှန်းချက်ကိုယ်စီ၊ စိတ်ကူးကိုယ်စီနဲ့ နှဏ်သစ်ကူးတော့မယ်။ ရည်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေမတူပေမယ့် နှစ်သစ်ကူးညကျရင် မိသားစု၊ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ပျော်ပျော်ပါးပါး စားသောက်ကြမယ်။ မီးရှူး မီးပန်းတွေဖောက်ကြမယ်။ ညသန်းခေါင်မှာ Countdown ရေကြမယ်။ ဒီလိုလေးတွေပေါ့။ ဒါပေမယ့် နှစ်သစ်ကူးကို ထူးထူးခြားခြား ကူးကြတဲ့နိုင်ငံလေးတွေအကြောင်း မသိချင်ကြဘူးလား။ ဒိန်းမတ်နိုင်ငံ ဒိန်းမတ်နဲ့ ဥရောပနိုင်ငံအချို့ရဲ့ နှစ်သစ်ကူးအလေ့အထကတော့ အိမ်နီးချင်း၊ မိတ်ဆွေ အိမ်ရှေ့မှာ ပန်းကန်ပြားတွေကို ပစ်ခွဲတာပါ။ အိမ်ရှေ့မှာ ပန်းကန်ပြားများများခွဲနိုင်လေ နှစ်သစ်အတွက် ကောင်းချီးများများ ပိုရလေတဲ့။ အဲဒီတော့ ကိုယ့်မကျေနပ်တဲ့ ဒေါသတွေဖြေဖို့ အခွင့်အရေးတခုဖြစ်မနေဘူးလား။ ပီရူး ပီရူးနိုင်ငံရဲ့ ယဉ်ကျေးမှုတစ်ခုစ်ြလာတဲ့ Takanakuy ပွတြော်ကတော့ ဒီဇင်ဘာလကုန်လောက်မှာ ကျင်းပတာဖြစ်ပြီး ရွာသားတွေဟာ အတိတ်က ကတယောက်နဲ့တယောက် အဆင်မပြေမှုရှိခဲ့တာတွေကို သင်ပုန်းခြေပြီး နှစ်သစ်မှာ စိတ်သစ်လူသစ်နဲ့ အစပြုဖို့ တယောက်နဲ့ တယောက် လက်သီးနဲ့ ထိုးကြပါသတဲ့။ ဒါ ကိုယ့်ဘေးအိမ်ကလူကိ...

နှစ်သစ်မှာ လူသစ် စိတ်သစ်နဲ့ အဆိပ်အတောက်ဖြစ်စေတဲ့ ပတ်ဝန်းကျင်ကနေ ရုန်းထွက်ကြမယ်

Image
အဆိပ်အတောက်ဖြစ်နေတဲ့ ဆက်ဆံရေး…။ ဒီလိုအခြေအနေတွေနဲ့ ပိတ်မိနေတာ လူတိုင်းကြုံဖူးကြမှာပါ။ အဆိုးဆုံးကတော့ ဒီဆက်ဆံရေးတွေကြောင့် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကို သတ်ပစ်လိုက်သလိုဖြစ်စေတယ်။ ကိုယ့်ရဲ့ ယုံကြည်မှုတွေကို ဖျက်ဆီးလိုက်သလိုဖြစ်စေတယ်။ တကယ်လိုများ လုံးဝ မရုန်းကန်ဘဲ ဆက်လွှတ်ထားမယ်ဆိုလို့ကတော့ ကိုယ့်ဘ၀ တက်လမ်းတွေကိုပါ ခြိမ်းခြောက်ပြီး ကိုယ့်အနောက်ကနေ အရိပ်လို တကောက်ကောက်လိုက်နေတော့မှာပါပဲ။ တကယ်လိုများ ဒီလိုအခြေအနေတွေ ကြုံနေရပြီဆိုလို့ကတော့ ကိုယ့်မှာရှိသမျှ အင်အားနဲ့ အတက်နိုင်ဆုံး ရုန်းထွက်ပစ်လိုက်ပါ။ “တခါတလေတော့လည်း မဖြစ်နိုင်တာတွေကို မျှော်လင့်ပြီး ကိုယ့်ကိုယ်ကို အကျဉ်းချထားတာထက် ဒီအရာကို အဆုံးသတ်လိုက်ပြီး အသစ်ကနေ ပြန်စတင်တာ ပိုတောင် ကောင်းနေပါသေးတယ်” အဲဒီတော့ ဘယ်လိုအခြေနေတွေက ကိုယ့်အတွက် အဆိပ်အတောက်ဖြစ်စေတဲ့ အခြေအနေတွေလဲ…။ နေ့စဉ်ဘ၀မှာ ကိုယ့်ကို နှိမ့်ချ၊ နိမ့်ကျစေသူ ဥပမာပြောရရင် ကိုယ်ဘာလုပ်လုပ် အထင် အမြင်သေးတာ၊ အကောင်းမမြင်ပေးတာ၊ ကိုယ့်ကိုယ် အမှိုက်လိုဆက်ဆံတဲ့သူမျိုးပေါ့။ ဒီလိုလူမျိုးနဲ့သာ ရေရှည်ဆက်ဆံရလို့ကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်တွေ ကိုယ့်မှာ ဘာမှမကျန်တော...